Healthy Life Ad
Q & A

အသည်းခြောက် အစားအသောက် (Cirrhosis Diet)

၊ ဒေါက်တာတင့်ဆွေ ၊
မေး ။ ဆရာ ကျွန်တော်က နယ်စပ်မှာ ကျန်းမာရေးလုပ်သားဆေးမှူး လုပ်နေပါတယ်။ ဆေးစာတွေ မှာ အသည်းခြောက်နေသူဟာ အသားဓာတ်မစား နဲ့ စားပါဆိုပြီး ဖတ်ရတယ်ဆရာ။ ဘယ်ဟာက မှန်ပါသလဲ။

ဖြေ ။ အသည်းခြောက်နေသူဟာ အသီးတွေ၊ အသီးအနှံတွေ၊ ဖြူဖွေးသွားအောင်လုပ်မထားတဲ့ ဆန်-ဂျုံနဲ့ အဲဒီကလုပ်တဲ့ အစားအစာတွေနဲ့ သင့်တော်တဲ့ (ပရိုတင်း) ဓာတ်ပါအစားတွေက ကောင်းပါတယ်။ နေ့စဉ်ဗီတာမင်တွေပါ ဖြည့်သောက်တာကောင်းတယ်။ (ကေ)၊ (အေ)၊ (ဒီ) နဲ့ (အီး) လိုနိုင်တယ်။ သိထားဖို့က မျှတ-လုံလောက်တဲ့ အစားအစာတွေစားနေသူမှာ ဒီဗီတာမင်တွေက ပါနေပြီးဖြစ်တယ်။

ဘာတွေရှောင်ရမလဲ (၁) အရက်နဲ့ (၂)အဆီများအစားအသောက်တွေ ဖြစ်တယ်။

အသည်းခြောက်တာက အရက်မသောက်လဲဖြစ်ပေမဲ့ အသည်းခြောက်နေသူတိုင်း အရက်ရှောင်သင့်တယ်။အဆီကို အသည်း(အသည်းအရည်+ သည်းခြေရည်)က ချက်လုပ်တာမို့ အသည်းခြောက်နေရင် မချက်နိုင်ပါ။ သတိထားဖို့က အဆီ+ဆီကိုလုံးဝရှောင်ဖို့မဟုတ်ပါ။ အနည်းဆုံး လိုအပ်ချက်ရဖို့လိုတယ်။ ဒါကြောင့် ကောင်းတဲ့ ဟင်းချက်ဆီ၊ အစေ့အဆံတွေ၊ ငါးနဲ့အသီးအနှံ အဆီတွေ စားသင့်ပါတယ်။အသည်းခြောက်သူတွေမှာ နောက် ဆက်တွဲဖြစ်နိုင်တာ (၃)မျိုးရှိတယ်။ (၁) Ascites ရေဖျင်း၊ (၂) Hypoglycemia သကြားဓာတ်နည်းတာနဲ့ (၃) Encephalopathy ဦးနှောက်ထိခိုက်တာ။

Ascites ရေဖျင်းရှိနေသူဆိုရင် ဆားလျှော့ရမယ်။ ခေတ်ပေါ်ဆိုင်ကနေ အလွယ်ဝယ်ရတဲ့ အစားအသောက်တွေမှာ(ဆိုဒီယမ်)ဓာတ်များကြတယ်။

Hypoglycemia သကြားဓာတ် နည်းနေသူဆိုရင် အစားကို အကြိမ်များများ စားပေးရမယ်။

Encephalopathy ဦးနှောက်ကိုထိခိုက်မှုရှိနေသူဆိုရင် အသည်းရောင်နေသူတွေလိုပဲ (ပရိုတင်း)ဓာတ်ကို နိုင်အောင်အလုပ်လုပ်မပေးနိုင်ဘူး။ ဒါကြောင့် သွေးထဲမှာ(ပရိုတင်း) ဓာတ်တွေ ပိုများနေမယ်။ (အမိုးနီးယား) ဓာတ်တွေများနေမယ်။ ဦးနှောက် ကို ထိခိုက်စေတယ်။ ဒါကြောင့် (ပရိုတင်း)လျှော့စားသင့်တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top