Healthy Life Ad
Q & A

၀ဲမပေါက်အောင် ဘယ်လို ကာကွယ်ရမလဲ . . .

မေး ။ လူအများနဲ့ ရောနေရပါတယ်။ တချို့က ဝဲပေါက်တဲ့သူပါတယ်။ အဲဒါ ဝဲမပေါက်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ။

ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ ဝဲမပေါက်အောင် ကာကွယ်သင့်တဲ့ နည်းလမ်းတွေကတော့-

တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ရပါမယ်။ အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ အသုံးအဆောင်စတာတွေကို အတူတူ မသုံးသင့်ပါဘူး။

ပရိဘောဂသန့်ရှင်းရေးကို ဂရုစိုက်ရပါမယ်။

ဝဲပေါက်နေသူကို သတိထားပြီး သန့်ရှင်းရေးကို ဂရုစိုက်လုပ်စေသင့်ပါတယ်။ ဝဲရှိသူသုံးတဲ့ အဝတ်အစား၊ မျက်နှာသုတ်ပဝါနဲ့ အိပ်ရာခင်းတွေကို အနည်းဆုံး ၅၀ ဒီဂရီ စင်တီဂရိတ်ခန့် အပူပေးပြီးလျှော်ဖွပ်ရပါမယ်။ မီးပူသေချာတိုက်ရပါမယ်။

လက်ကို သေချာဆေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top