Healthy Life Ad
Health Tips

သွားကျန်းမာရေးအတွက် သိထားသင့်သည်များ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် အမျိုးသားတွေရဲ့ စနစ်တကျထိန်းသိမ်းတဲ့အပိုင်းက အားနည်းလေ့ရှိပါတယ်။ ခံတွင်းကျန်းမာရေးကောင်းဖို့ဆိုတာ သွားတွေသန့်ရှင်းစင်ကြယ်တာက အခြေပြုပါတယ်။ သွားတွေသန့်ရှင်းစင်ကြယ်ပြီး ခံတွင်းတစ်ခုလုံး အနံ့အသက်နဲ့ အပြစ်အနာအဆာကင်းနေမှသာ အဆင်ပြေနေမှာဖြစ်ပါတယ်။

– တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ

သွားကို တစ်နေ့နှစ်ကြိမ်တိုက်တဲ့အခါမှာလည်း အလျင်စလိုမတိုက်ပါနဲ့။ အလုပ်ကိစ္စတစ်ခုကို လုပ်ရသလိုပဲ အချိန်ပေးဂရုစိုက်ပြီးလုပ်ဆောင်ပါ။

– သင့်တော်သော အသုံးအဆောင်များကို သုံးပါ

ဖလိုရိုက်ဒ်ပါတဲ့ သွားတိုက်ဆေးနဲ့ နူးညံ့တဲ့ အမျှင်တွေပါတဲ့ သွားတိုက်တံကိုအသုံးပြုပါ။

– စနစ်မှန် သွားတိုက်နည်းသုံးပါ

သွားတိုက်တံကို သွားပေါ်မှာ ၄၅ ဒီဂရီလောက် စောင်းစောင်းလေးတင်ထားပြီး သွားကို အထက်အောက်တိုက်ပေးပါ။ သွားရဲ့အတွင်းမျက်နှာပြင်နေ ရာတွေနဲ့ အတွင်းထဲက သွားတွေအထိ တိုက်ပေးဖို့ မမေ့ပါနဲ့။ သွားတိုက်ပြီးတဲ့အခါတိုင်း လျှာခြစ်တံ ဒါမှမဟုတ် နူးညံ့တဲ့ သွားတိုက်တံနဲ့ လျှာကိုပါတိုက်ပေးပါ။ သွားဖုံးတွေ စပ်ဖျဉ်းဖျဉ်းဖြစ်တဲ့အထိ ကြမ်းကြမ်းတမ်းတမ်းမတိုက်ပါနဲ့။

– သွားတိုက်တံနှင့် အခြားအသုံးအဆောင်များကို စနစ်တကျသန့်စင်ပါ

သွားတိုက်ပြီး သွားတိုက်တံကို ရေနဲ့ စင်ကြယ်အောင် ဆေးကြောပြီးတဲ့အခါမှာ သွားတိုက်တံကို ရေစင်အောင်ခါပြီးခြောက်သွေ့အောင်ထားပါ။ သွားတိုက်တံအမျှင်ကို အပေါ်ဘက်မှာထားပြီး ခွက်တစ်ခုထဲမှာ ထောင်ထားပေးပါ။ သွားတိုက်တံကို ဖုံးအုပ်ထားတာမျိုး၊ ဗူးထဲလှောင်ပိတ်ထားတာမျိုး ရှောင်ပါ။ အကြောင်းကတော့ စိုထိုင်းနေချိန်မှာ သွားတိုက်တံမှာ ဘက်တီးရီးယားပေါက်ပွားနိုင်ခြေများလို့ပါ။

– သွားတိုက်တံ လဲသင့်သည့်အချိန်ကို သတိရပါ

သွားတိုက်တံအများစုဟာ အသုံးပြုပြီး သုံးလ- လေးလလောက်ကြာတဲ့အခါမှာ အသစ်လဲလှယ်ပေးရပါတယ်။ တကယ်လို့ သွားတိုက်တံအမျှင်တွေက ဖွာထွက်ပျက်စီးနေရင် လဲသင့်နေပါပြီ။

– သွားကြားပွတ်ကြိုး သုံးပါ

သွားကြားပွတ်ကြိုးကိုသုံးတာက သွားတစ်ချောင်းနဲ့ တစ်ချောင်းကြားရှိ ဘက်တီးရီးယားပိုးတွေကိုကင်းစင်စေပါတယ်။ ဒါကြောင့် သွားကြားပွတ်ကြိုးကို တစ်နေ့တစ်ကြိမ် အသုံးပြုသင့်တာ ဖြစ်ပါတယ်။

– ၁၈ လက်မလောက် သုံးပါ

သွားကြားပွတ်ကြိုးကို ၁၈ လက်မလောက်ဖြတ်ယူပြီး ဘယ်ညာလက်မှာ တစ်လက်မစီရစ်ထားပြီး သုံးပါ။

– တစ်ချိန်မှာ သွားတစ်ချာင်းကိုသာ သုံးပါ

သွားနှစ်ချောင်းကြားမှာ သွားကြားပွတ်ကြိုးကိုထားပြီး သုံးတဲ့အခါ တစ်ချိန်မှာ သွားတစ်ချောင်းရဲ့ ထိပ်ကနေ အောက်အထိ ပွတ်တိုက်ပေးပါ။

– သွားကြားပွတ်ကြိုးကို ဖလိုရိုက်ပါသော အမျိုးအစားသုံးပါ

သွားတွေ ခိုင်ခံ့သန့်စင်စေဖို့ရာအတွက် ဈေးကွက်ထဲမှာ ဖလိုရိုက်ပါတဲ့ သွားကြားပွတ်ကြိုး အမျိုးအစားရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top