Healthy Life Ad
Women

သုတေသနရလဒ်က တွေ့ရှိထားသည့် အသားအရေအတွက် အကောင်းဆုံးအာဟာရ

၊ လရိပ်မေ ၊

သုတေသနတွေအရ အသားအရေ လှပကျန်းမာရေးအတွက် စားသင့်တဲ့အကောင်းဆုံးအစားအစာဟာ အကန့်အသတ်နဲ့ရှိနေပါတယ်။ အင်တီအောက် ဆီးဒင့်ပေါကြွယ်ဝတဲ့ အစားအစာတွေက အသားအရေကို ကာကွယ်နိုင်စွမ်းရှိတာတော့ အမှန်ပါပဲ။ သုတေသနလေ့လာမှုတွေအရ အသားအရေကျန်းမာရေးအတွက် အောက်ပါအစားအစာတွေကို အထူးစားသင့်ကြောင်း လေ့လာမှုတွေက ဖော်ပြပေးထားပါတယ်။

– မုန်လာဥနီ၊ မက်မွန်သီးနဲ့ တခြားအဝါရောင်နဲ့ လိမ္မော်ရောင်အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊

– ဘလူးဘယ်ရီသီး၊

– ခရမ်းချဉ်သီး၊

– ပဲကြီးစေ့၊ ပဲနီလေး၊

– ငါး၊ အထူးသဖြင့် ဆယ်လ်မွန်ငါး၊

– အခွံမာတဲ့ အစေ့အဆန်။

လေ့လာမှုတွေအရ တချို့အစားအစာတွေက အသားအရေကို ထိခိုက်စေကြောင်း တွေ့ရှိရပါတယ်။ ဥပမာပြောရရင် အဆီနဲ့ ကာဗိုဟိုက်ဒရိတ်ပေါများတဲ့ အစားအစာတွေဟာ အရေပြားအိုမင်းမှုကို ဖြစ်စေနိုင်ပါတယ်။ အသားအရေအတွက် စားသင့်တဲ့ အကောင်းဆုံးအစားအစာတွေဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးကိုလည်း ကောင်းမွန်စေတယ်ဆိုတာ သတိရပါ။ ရေများများသောက်ပြီး သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပါ။ အဆီနည်း ဒါမှမဟုတ် အဆီမပါတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကိုစားပါ။ ဟင်းလျာအဖြစ် ပဲအမျိုးမျိုးကို စားပါ။ သရေစာအနေနဲ့ အခွံမာတဲ့ အစေ့အဆန်တွေကို စားပေးပါ။ ဒါဆိုရင် သင့်အသားအရေကော ကျန်းမာရေးပါ ကောင်းမွန်နေမှာ မလွဲမသွေဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top