Healthy Life Ad
Health Tips

ကိုယ်အလေးချိန်တက်မှာစိုးကြောက်သူတို့ ရှောင်သင့်သည့် နံနက်ခင်းဖျော်ရည်များ

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

နံနက်စာက တစ်နေ့တာရဲ့မရှိ မဖြစ်အရေးပါဆုံးအစာဖြစ်ပါတယ်။ နံနက်စာက စွမ်းအင်ရရှိဖို့ အရေးပါတယ်ဆိုပေမယ့် ကိုယ်အလေးချိန် လျော့ကျလိုသူတွေအနေနဲ့ သတိပြုဆင်ခြင်သင့်တဲ့ သောက်စရာလေးတွေ ရှိပါတယ်။

(၁) ရယ်ဒီမိတ် သစ်သီးဖျော်ရည် (Smoothies)
ရယ်ဒီမိတ်သစ်သီးဖျော်ရည်တွေ မှာသကြားအပိုပါပြီး ကယ်လိုရီပါဝင်မှု များတဲ့အတွက် ကိုယ်အလေးချိန်မြင့်တက်ချင်သူတွေအတွက် အကိုက်ပါ။ ဒါပေမဲ့ ကိုယ်အလေးချိန်ထိန်းနေတယ်ဆိုရင်တော့ မနက်စာမှာဆင်ခြင်ရပါမယ်။

(၂) အဆီများသော ဒိန်ချဉ်
အဆီပါဝင်မှုနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ဒိန်ချဉ်က ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန်ထိန်းနေသူတွေအတွက် အဆီ၊ သကြားပါဝင်မှုများပြီး ကယ်လိုရီများတဲ့ ဒိန်ချဉ်ကိုဆင်ခြင်သင့်ပါတယ်။

(၃) ငှက်ပျောသီးမစ်ရှိတ်
ငှက်ပျောသီးမှာကယ်လ်ဆီယမ်နဲ့ ပိုတက်ဆီယမ်ပါဝင်မှုများတဲ့အတွက် ကျန်းမာရေးနဲ့သင့်တော်တဲ့အသီးပါ။ ဒါပေမဲ့ အဆင်သင့်ငှက်ပျောသီးမစ်ရှိတ်ကတော့ ၁၀ဝ ကယ်လိုရီကျော်ပါဝင်တာကြောင့် သတိပြုဆင်ခြင်သင့်ပါတယ်။

(၄) ကော်ဖီ
နို့ဆီ၊ သကြားတွေပါတဲ့ကော်ဖီက ကယ်လိုရီပါဝင်မှုများတာကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေ ဆင်ခြင်ရပါမယ်။

(၅) ချောကလက်နို့
ကိုယ်အလေးချိန်ထိန်းနေရင် ချောကလက်နို့ကို ဆင်ခြင်သင့်ပါတယ်။ ရိုးရိုးနွားနို့ထက် ချောကလက်နို့မှာ ကယ်လိုရီပါဝင်မှုမြင့်မားလို့ပါ။ ချောကလက် နို့တစ်ဖန်ခွက်မှာ ကယ်လိုရီ ၂၀ဝနဲ့ ၂၅၀ကြားပါဝင်နေပါတယ်။ ရိုးရိုးနွားနို့ကတော့ တစ်ဖန်ခွက်မှာ ကယ်လိုရီ ၇၀ လောက်ပဲပါဝင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top