Healthy Life Ad
Q & A

Angina နှလုံးလား၊ ကျောက်ကပ်လား

ဒေါက်တာတင့်ဆွေ

မေး. ကျွန်တော့် အသက် ၃၀ ထဲမှာပါ။ စိတ်ဖိစီးမှုများတဲ့ အလုပ်လုပ်နေပါတယ်။ အခြေခံစိတ်က သိပ်မပျော်တတ်ပါ။ ဒေါသကြီးပါတယ်။ အဆိုးဆုံးကအလိုမကျ ဖြစ်လေ့ရှိတာပါ။ တစ်ရက်ကို ကွမ်းအယာ၂၀ လောက်ဝါးပါတယ်။ အရက်ကတော့ causal drinker အဆင့်ပါ။ လုပ်ငန်းခွင်မှာရော စီးပွားရေးပါ အောင်မြင်ပါတယ်။ အိမ်ထောင်ရှိပြီး သားသမီးမရှိပါ။ လွန်ခဲ့တဲ့ နှစ်လလောက်ကစပြီး အသက်ရှူရတာ သိပ်အားမရပါ။ ရှိုက်ပြီး ရှူရပါတယ်။ သွေးအားနည်းနေတာကြောင့် folic acid သောက်ပါတယ်။ အသက်ရှူရတာ ပုံမှန်ဖြစ်သွားပေမယ့် ကျောဘယ်ဘက် နှလုံးနေရာမှာ အောင့်လာပါတယ်။ အရင်လိုလည်း အပင်ပန်းသိပ်မခံနိုင်ပါ။ နှလုံးခုန်သံကို တစ်ခါတစ်ခါ ပြန်ကြားရပါတယ်။ လက်မောင်းရင်းတော့ မအောင့်ပါ။ တစ်ခါတစ်ခါ ဘယ်ခြမ်းခါးနေရာမှာ အောင့်ပါတယ်။ ကျွန်တော်နှလုံးရောဂါစနေပြီလားလို့ သံသယဝင်မိပါတယ်။ ငယ်ငယ်တုန်းက ကျောက်ကပ်ဖြစ်ဖူးထားတာကြောင့် ကျောက်ကပ်ပြန်ဖြစ်သလားလို့လည်း ထင်ပါတယ်။

ဖြေ. ၁။ နှလုံးရောဂါ ပထမဆင့်ရဲ့ လက္ခဏာတွေကို သိချင်ပါတယ်။

၂။ နှလုံးဖြစ်ရင် ကုလို့ ပျောက်မပျောက်လည်း သိချင်ပါတယ်။

၃။ ကျောက်ကပ်ရောဂါ လက္ခဏာတွေလည်း သိခွင့်ရရင် သိချင်ပါတယ်။

ပဌမဆုံး ဒေါသစိတ်နဲ့ စပါမယ်။ ဒေါသဖြစ်တာ နော်မယ်ပါ။ ထိန်းနိုင်လေ ကောင်းလေပေါ့။ တခု သတိရှိဖို့က ထူးပြီး စိတ်တိုလာသလား။ ဒါနဲ့အတူ နှလုံးခုန်နှုန်း အရင်ကထက်များ-မြန်သလား။ မမော-မပမ်း၊ ဒေါသမထွက်ချိန်မှာ တစ်မိနစ် ၇၀-၈၀ က ပုံမှန်ပါ။ စိတ်မပျော်တတ်တာ ကိုယ့်ကိုယ်ကိုသိနေရင် အတော်ကောင်းပါတယ်။

သွေးအားနည်းတာ အများအားဖြင့် သံဓါတ်နည်းလို့ ဖြစ်ပါတယ်။ ဖောလစ်အက်စစ်လည်းလိုတယ်။ ပိုလိုမှာက သံဓာတ်ပါ။ အသက်ရှူမဝတာ သွေးအားနည်းလို့လဲ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ယောကျာ်းတွေမှာ သွေးအားနည်းတာ ရှားပါတယ်။ သွေးစစ်ကြည့်ပါဦး။ Hb နည်းနေသလား ၁၃-၁၄ ရှိရင် ဆေးသောက်ဖို့ မလိုပါ။

“ကျောက်ကပ်ရှိတယ်”ဆိုတာ ကျောက်တည်တာကို ဗမာတွေက အရပ်ခေါ်ခေါ်ကြတာများတယ်။ ကျောက်မဟုတ်ရင် ကျောက်ကပ်ရောင်တာကိုလည်း ခေါ်ကြသေးတယ်။ လက္ခဏာတွေလည်းမတူပါ။ ကျောက်တည်ရင် နာမယ်၊ ဓါတ်မှန်ရိုက်ရင် ပေါ်မယ်။ ရောင်တာဆိုရင် ကိုယ်ရောင် (မျက်နှာ၊ ခြေ-လက်)နဲ့ တွဲ ဖြစ်တတ်တယ်။ သွေးတိုးနဲ့လည်း တွဲတတ်တယ်။ ဆီးစစ်ရင် အနယ်-အမှုံပါတယ်။ သွေးလည်း တချို့မှာ ပါတတ်တယ်။ “ကျောဘက် နှလုံးနေရာ” ဆိုတာ သိပ်မရေရာဘူး။ လူက ဝသလား၊ ပိန်သလား၊ မပိန်ဘဲလည်း ဖြစ်တတ်တဲ့ တီဘီမဟုတ်တာကို ရှင်းထုတ်သင့်တယ်။ ဓါတ်မှန် ရိုက်ဖူးသလား။ အသက်ရှူတာနဲ့ နောက်ကျောနာတာ ၂ ခု ဖြစ်နေလို့ပါ။

နှလုံးရောဂါ – အမျိုးမျိုးရှိတယ်။ နှလုံး-သွေးကြောကျဉ်းရောဂါ၊ နှလုံး-ကြွက်သားကြီးရောဂါ၊ နှလုံး-အလုပ်မလုပ်တော့တာ၊ သွေးတိုးကဆက်ဖြစ်ရတာ၊ နှလုံးရောင်တာ၊ နှလုံး-အဆို့ရှင်တွေ ရောဂါရတာတွေ ဖြစ်တယ်။ နှလုံးခုန်မမှန်တာ (နှေးတာ၊ မြန်တာ)လည်း ရှိသေးတယ်။ ခံစားရတာတွေက လုံးဝမတူကြဘူး။ မောတာ၊ ရင်တုန်တာတွေက အများဆုံးဖြစ်တယ်။ ဘယ်ဟာဖြစ်ဖြစ် ကုလို့ရတာတွေသာ ဖြစ်ပါတယ်။

နှလုံး-သွေးကြောကျဉ်းရောဂါ Angina ဆိုတာ အသက်ရလာသူ၊ ဝသူ၊ (ကိုလက်စထော) များသူတွေမှာဖြစ်တယ်။ ဆေးလိပ်သောက်ရင်၊ သွေးတိုးရှိရင်၊ အလုပ်မလုပ်ရသူတွေမှာ အဖြစ်များတယ်။ Angina က စိတ်ဖိအားများတာနဲ့ တဆက်ထဲ ဖြစ်တတ်တယ်။ ဖြစ်ရင် . . .

နှလုံး-သွေးကြောကျဉ်းရောဂါ Angina ဆိုတာ အသက်ရလာသူ၊ ဝသူ၊ (ကိုလက်စထော)များသူတွေမှာဖြစ်တယ်။ ဆေးလိပ်သောက်ရင်၊ သွေးတိုးရှိရင်၊ အလုပ်မလုပ်ရသူတွေမှာ အဖြစ်များတယ်။ Angina က စိတ်ဖိအားများတာနဲ့ တဆက်ထဲဖြစ် တတ်တယ်။ ဖြစ်ရင် ရင်ပတ်တည့်တည့် ရင်ညွန့်ရိုးအောက်မှာနာတာ။ အဖိခံထားရသလို၊ အညှစ်ခံရသလို၊ ပူလောင်သလို၊ တင်းကြပ်နေသလို နာတာမျိုးဖြစ်တယ်။

ဗိုက်အလယ်ခေါင်၊ နောက်ကျော၊ လည်ပင်းမေးရိုး၊ ပခုံး၊ ကူးပြီးနာတာလည်းရှိတယ်။ ဇောချွေးပြန်အောင်နာတယ်။ အန်မယ်။ တခါနာရင် ၃-၅ မိနစ်ကြာတယ်။ စက္ကန့်ပိုင်းသာ နာတာမျိုးက ဒါမဟုတ်ပါ။ ၁၅-၂၀ မိနစ်အတွင်း အရေးပေါ်ကုသမှု ခံယူဖို့လိုတယ်။ အကြံပေးချင်တာကတော့ Medical check up လုပ်ပါ။ အဆန်းအပြားတွေမလိုသေးပါ။ Physician ဆီမှာ အရင်လုပ်ပါ။ ထင်မှတ်ထားတာ မှန်သမျှ စနစ်တကျ ဖယ်ထုတ်လိုက်ရင် ပူစရာတွေ တခုပြီးတခုရှင်းသွားပါလိမ့်မယ်။ တွေ့တာရှိရင် ကုလိုက်ရုံဘဲပေါ့။ လိုသေးရင် မေးပါ။ အားမနာပါနဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top