Healthy Life Ad
Health Tips

အသည်း ကျန်းမာစေရန် လိုက်နာသင့်သော အချက်များ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အသည်းရဲ့လုပ်ငန်းဆောင်တာတွေ အကောင်းဆုံးဖြစ်စေဖို့နဲ့ အသည်းအားပြည့်ကာ သန့်ရှင်းကြည်လင်နေစေဖို့ သင်သိထားသင့်တဲ့အချက်တွေရှိပါတယ်။

– ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာ၊ အထူးသဖြင့် သြဂဲနစ်အစာကို စားပါ

သင်စားတဲ့အစာက ပိုးသတ်ဆေး၊ ကြီးထွားဟော်မုန်းနဲ့ ဓာတုဖြည့်စွက်ဆေးတွေနဲ့ ပြုလုပ်ထားရင် အသည်းအပေါ် လေးလံတဲ့ ဝန်ထုပ်ဝန်းပိုး သက်ရောက်စေပါတယ်။ ဒါကြောင့် သြဂဲနစ်နည်းနဲ့ ထုတ်ထားတဲ့ အစာတွေကို စားတာက အဆိပ်ရရှိမှုနည်းစေပြီး အသည်းကို ကျန်းမာစေပါတယ်။

– သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် အသည်းအားကောင်းစေသော အစာတို့ကို တိုးမြှင့်စားသုံးပါ

လတ်ဆတ်တဲ့ သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေကို များများစားတာကြောင့် အသည်းကျန်းမာရေးကို ကောင်းမွန်စေကာ အဆိပ်တွေကို ပြေလျော့စေပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်စတဲ့ အစာတွေဟာ အသည်းကို ပတ်ဝန်းကျင်အဆိပ်တွေ ချေဖျက်ပေးနိုင်စွမ်းရှိအောင် ကူညီပေးပါတယ်။ အမျှင်ဓာတ်ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေက အစာခြေလမ်းကြောင်းတစ်လျှောက် အဆိပ်တွေထွက်ရှိသွားအောင် ကူညီပေးပြီး အသည်းအပေါ် ဝန်ထုပ်ဝန်ပိုး သက်ရောက်မှုမရှိစေဖို့ ကူညီပေးပါတယ်။ နနွင်း၊ သစ်ကြံပိုးခေါက်နဲ့ နွယ်ချိုတို့ကလည်း အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကျန်းမာစေပါတယ်။

– လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက အသည်းအဆီဖုံးနိုင်ခြေကို လျော့ကျစေတဲ့ နည်းတစ်ခုဖြစ်တဲ့အပြင် ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ထိန်းထားပေးနိုင်ပါတယ်။ လေ့လာမှုတစ်ရပ်အရ တစ်ပတ်မှာ အနည်းဆုံးမိနစ် ၁၅၀ လေ့ကျင့်ခန်းလုပ်သူတွေဟာ အသည်းအင်ဇိုင်းကို အားကောင်းစေပြီး အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကျန်းမာစေကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top