Healthy Life Ad
Life Style

ဘဝတွင် အောင်မြင်စေမည့် သော့ချက် ၃ ရပ်

၊ ကိုမိုး ၊

ဘဝမှာ အောင်မြင်မှုရရှိပိုင်ဆိုင်စေဖို့ အဓိက သော့ချက် ၃ ရပ်ရှိပါတယ်။

(၁) သင့်ပန်းတိုင် ချရေးပါ
မနက်ခင်းရောက်ရင် တစ်နေ့တာမှာ ဘာတွေပြီးအောင် လုပ်ဆောင်မယ်၊ ဘယ်လိုအလုပ်တွေ ဦးစားပေးလုပ်မယ်ဆိုတာကိုချရေးထားပါ။ အဲဒီအတိုင်း ပြီးအောင်လုပ်နိုင်ရင် အလုပ်တွင်ကျယ်ပြီး အောင်မြင်တဲ့နေ့ပါပဲ။ ဒီလိုပဲ သင့်ဘဝမှာ ပန်းတိုင်ချမှတ်ထားပြီး ပန်းတိုင်ရောက်ရှိအောင် တစ်ဆင့်ချင်း ကြိုးစားသွားပါ။

(၂) အောင်မြင်မယ်လို့ ယုံကြည်ပါ
ဘယ်လောက်ပဲ အခက်အခဲတွေ၊ အတားအဆီးတွေ၊ အဟန့်အတားတွေ ကြုံနေပါစေ၊ လက်မလျှော့လိုက်ပါနဲ့။ အောင်မြင်မယ်လို့ ယုံကြည်စိတ်ကို ပြင်းပြင်းပြပြထားရှိပါ။

(၃) ရင်းနှီးမြှုပ်နှံပါ
အောင်မြင်တဲ့ပန်းတိုင်သွားရာလမ်းမှာ သင်လိုအပ်နေတဲ့အရာတွေကို ရင်းနှီးမြှုပ်နှံပါ။ ပညာသင်ဖို့လိုသေးရင် သင်ယူလေ့လာပါ၊ အတွေ့အကြုံရှာဖို့လိုရင် အတွေ့အကြုံရှာပြီး သင်ခန်းစာယူပါ။ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ မနှမြောပါနဲ့။ တဖြည်းဖြည်းနဲ့ ကိုယ့်အရည်အသွေးနဲ့ အရည်အချင်း မြင့်တက်လာချိန်မှာ အောင်မြင်မှုပန်းတိုင်ကို အလွယ်တကူရရှိလာပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top