Healthy Life Ad
Health Tips

စိတ်ညစ်ညူးမှုပြေပျောက်စေမည့် အစာခြောက်မျိုး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

စိတ်မကြည်မလင်ဖြစ်ပြီး စိတ်ရှုပ်စိတ်ညစ်နေတဲ့အခါမျိုးမှာ စိတ်ဖိစီးမှုအဆင့်ကို လျော့ကျစေရုံသာမက စိတ်ခံစားမှုကို ကောင်းမွန်သွားစေဖို့ အစားအစာတချို့က ကူညီနိုင်ပါတယ်။

(၁) ထောပတ်သီး

ဘာကြောင့်လဲ – ထောပတ်သီးမှာပါတဲ့ ပိုတက်စီယမ်နဲ့ မိုနိုမပြည့်ဝဆီတွေက စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ သွေးတိုးကိုကျစေနိုင်ပါတယ်။

ဘယ်လိုစားသင့်သလဲ – ထောပတ်သီးကို ပေါင်မုန့်ကြားညှပ်ပြီး ဒါမှမဟုတ် အရွက်သုပ်ထဲထည့်ပြီး စားပါ။

(၂) အရွက်များသော ဟင်းသီးဟင်းရွက်များ

ဘာကြောင့်လဲ – ဟင်းနုနယ်ရွက်နဲ့ ကိုက်လန်တွေမှာ ဗီတာမင်ဓာတ်အပြည့်ပါတဲ့အပြင် မဂ္ဂနီဆီယမ်လည်း ပါဝင်တာကြောင့် ပင်ပန်းနုံးချည့်မှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ဘယ်လိုစားသင့်သလဲ – ညစာမှာ ဟင်းရွက်သုပ်ပါအောင် စားပါ။

(၃) ကာဗိုဟိုက်ဒရိတ်

ဘာကြောင့်လဲ – ကာဗိုဟိုက်ဒရိတ်စာတွေက ဦးနှောက်ထဲက စိတ်ခံစားမှုကောင်းမွန်စေတဲ့ ဆီရိုတိုနင်ထွက်ရှိစေပါတယ်။

ဘယ်လိုစားသင့်သလဲ – အိမ်က မထွက်ခင် ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ နံနက်စာကွေကာစားပါ။ အညိုရောင်ခေါက်ဆွဲကို ဟင်းသီးဟင်းရွက်တွေနဲ့ရောပြီး ချက်စားပါ။

(၄) လိမ္မော်သီး

ဘာကြောင့်လဲ – လိမ္မော်သီးမှာ ဗီတာမင်စီ အများအပြားပါဝင်တာကြောင့် သွေးတိုးကိုကျစေပြီး စိတ်ဖိစီးမှုဖြစ်စေတဲ့ ကော်တီစောအဆင့်ကို တည်ငြိမ်စေပါတယ်။

ဘယ်လိုစားသင့်သလဲ – လိမ္မော်သီးကို အထူးသဖြင့် စိတ်ဖိစီးမှုများတဲ့နေ့တွေမှာ စားပေးရင် မွှေးပျံ့တဲ့ရနံ့နဲ့ အရသာကြောင့် စိတ်ရွှင်လန်းစေပါတယ်။

(၅) လက်ဖက်ရည်ပူပူ

ဘာကြောင့်လဲ – လက်ဖက်ရည်ပူပူသောက်တာကြောင့် ကိုယ်ထဲမှာ စိတ်ဖိစီးမှုများစေတဲ့ ကော်တီစောအဆင့်ကို လျော့ကျစေပြီး စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။ လက်ဖက်ရည်ပူပူ တစ်ခွက်သောက်တာက စိတ်ပူပင်သောက လျော့ကျစေပါတယ်။

ဘယ်လိုသောက်သင့်သလဲ – လက်ဖက်စိမ်းလက်ဖက်ရည်နဲ့ လက်ဖက်ရည်ကြမ်းလို ဆေးဖက်ဝင်လက်ဖက်ရည်ထဲ ပျားရည်အနည်း ငယ်ထည့်သောက်ပါ။

(၆) ငါး

ဘာကြောင့်လဲ – ဆယ်လ်မွန်ငါးလို ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်များများ ပါဝင်တာကြောင့် စိတ်ဖိစီးမှုဟော်မုန်း မြင့်တက်မှုမရှိအောင် ကာကွယ်နိုင်ပါတယ်။

ဘယ်လိုစားသင့်သလဲ – ညစာမှာ ငါးဟင်းပါအောင်ထည့်စားပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top