Healthy Life Ad
Women

မက်ဂန်မာကဲလ်၏ ပုံမှန်အလှပြင်နည်း

၊ လရိပ်မေ ၊

တော်ဝင်မင်းသား ဟယ်ရီနဲ့ ရွှေလက်တွဲခဲ့တဲ့ မင်းသမီး မက်ဂန်မာကဲလ်ရဲ့ ပုံမှန်အလှပြုပြင်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။

“ကျွန်မက Serum ကို အဓိက သုံးပါတယ်။ အဲဒါက ကျွန်မအသားအရေကို တောက်ပြောင်စေလို့ပါ။ ပေါင်ဒါမှုန့်ရိုက်ရတာလည်း သဘောကျပါတယ်။ မျက်တောင်တွေကို မက်စ်ကာရာနဲ့ ကော့လေ့ရှိပါတယ်။ မျက်နှာကို မျက်နှာသစ်ဆပ်ပြာနဲ့သစ်ပြီး ကြေးချွတ်သန့်စင်လေ့ရှိပါတယ်။ မျက်နှာကို နှိပ်နယ်ပေးရတာလည်း သဘောကျတဲ့အတွက် မကြာခဏ လုပ်ဖြစ်ပါတယ်။

တကယ်တော့ ဘယ်လောက်ပဲ မိတ်ကပ်ပြင်ထား၊ ပြင်ထား အရေးကြီးဆုံးက အပြုံးပါ။ ပြုံးလိုက်တဲ့အခါ ဘယ်သူမဆို ရှိရင်းစွဲထက် ပိုလှလာတာပါပဲ”လို့ မက်ဂန်က အလှအပလျှို့ဝှက်ချက်ကို ပြောပြထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top