Healthy Life Ad
Health Tips

သင့်ခန္ဓာကိုယ်ကို ပြောင်းလဲပစ်နိုင်သည့် ယောဂကျင့်စဉ် ၁၅ မျိုး

လရိပ်မေ
ယောဂ ပုံမှန်ကျင့်တာကြောင့် ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ စိတ်ခံစားမှုပိုင်းတွေကို သိသိသာသာ ကောင်းမွန်စေပြီး ကျန်းမာကာ ခန္ဓာကိုယ် ဟန်ချက်ညီစေပါတယ်။ ယောဂစကျင့်မယ်သူတွေအတွက် လွယ်ကူထိရောက်တဲ့ နည်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

(၁) တြိဂံပုံကျင့်စဉ်

ဒီကျင့်စဉ်က တစ်ကိုယ်လုံးကို အလုပ်လုပ်ဖြစ်စေပြီး ဆွဲဆန့်နိုင်အားနဲ့ သန်စွမ်းမှုအားကောင်းစေပါတယ်။ လက်နှစ်ဖက်စလုံးနဲ့ ခြေ ထောက်နှစ်ဖက်စလုံးကို အသုံးပြုပြီး ပုံပါအတိုင်း လုပ်ဆောင်ပေးရမှာပါ။ လိုအပ်ရင် ဒူးနည်းနည်းကွေးလို့ရပါတယ်။ ဒီကျင့်စဉ်အတိုင်း လုပ်ဆောင်ရင်း အသက်ဝ၀ ငါးကြိမ် ရှူသွင်း ရှူထုတ်လုပ်ပေးရပါမယ်။


(၂) လေးဖက်ထောက်ကျင့်စဉ်

ဝမ်းဗိုက်ကြွက်သားတွေကို သန်စွမ်းစေမယ့်အကောင်းဆုံး ကျင့်စဉ်တစ်ခုဖြစ်ပြီး တစ်ကိုယ်လုံးကိုလည်း ထိရောက်စေပါတယ်။ အသက်ရှူတာကို ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ သင့်ပခုံးတွေက လက်တံတောင်ပေါ်မှာ သက်ရောက်မှုရှိရမှာဖြစ်ပြီး ကျောပြင်က ဖြောင့်တန်းနေရပါမယ်။


(၃) လေးဖက်ထောက်ပြောင်းပြန်ကျင့်စဉ်

ဒီကျင့်စဉ်က ခန္ဓာကိုယ်အပေါ်ပိုင်းကို ဆွဲဆန့်လုပ်ဖြစ်စေပြီး လက်မောင်း၊ ခြေထောက်နဲ့ ဝမ်းဗိုက်ပိုင်းတွေကို သန်စွမ်းစေကာ ဟန်ချက်ညီစေပါတယ်။ လက်တွေကိုထောက်ပြီး ဦးခေါင်းကိုကောင်းကင်ဆီမော့ပြီး ဆန့်တန်းထားရပါမယ်။ ခြေချောင်းတွေက ကြမ်းပေါ်ဖိထားရမှာပါ။


(၄) ကိုယ်တစ်ခြမ်းတြိဂံပုံကျင့်စဉ်

ခါးဘေးဘက်တွေကိုထိရောက်စေပြီး ခြေသလုံး သန်စွမ်းစေ ကာ တင်ပါး၊ ခြေသလုံးကြွက်သား၊ ပခုံး၊ ရင်ဘတ်နဲ့ ကျောရိုးတွေကို ဆွဲဆန့်ပေးပါတယ်။ အဆုတ်ပွင့်ပြီး အစာကြေညက်စေကာ စိတ်ဖိစီးမှု လျော့ကျစေပါတယ်။ ခြေထောက်တစ်ဖက်ကိုထောက်ပြီး တခြားတစ်ဖက်က ဆန့်တန်းထားရမှာပါ။ ထောက်ထားတဲ့ ခြေထောက်ဘက် အခြမ်းက လက်ကိုထောက်ပြီး ကျန်တစ်ဖက်ကို အပေါ်ဆန့်တန်း မြှင့်တင်ပေးပါ။ ပြီးရင် တခြားတစ်ဖက်ပြောင်းလုပ်ပေးပါ။


(၅) သစ်ပင်ပုံစံကျင့်စဉ်

ဒီကျင့်စဉ်က ဘယ်လို ယောဂမဆိုစတင်ဖို့ အကောင်း ဆုံးအနေအထားပါ။ ခန္ဓာကိုယ် ဟန်ချက်ညီစေပြီး ဘယ်လိုအသက်ရှူသွင်းရမလဲ ဆိုတာကို သင်ပေးပါတယ်။ ခြေသလုံး ကြွက်သား၊ ခြေကျင်းဝတ်နဲ့ ပေါင်အတွင်းပိုင်းတွေကို တင်းရင်းသန်စွမ်းစေပါတယ်။ခြေထောက်တွေကိုစုံရပ် ပြီး ဖြည်းဖြည်းချင်း ဘယ်ဘက် ခြေထောက်ကိုမြှင့်ပေးပါ။ ဘယ်ခြေကို ညာပေါင်အတွင်းဘက်မှာထိကပ်ထားပြီး လက်တွေကိုမြှောက်ကာ ထိကပ်ပေးရပါမယ်။ ဒီအနေအထားတိုင်း ၈-၁၀ ကြိမ်အသက်ရှူသွင်းပေးပါ။ ပြီးရင်နောက်တစ်ဖက်ပြောင်းပေးပါ။


(၆) အောင်နိုင်သူဟန်ပန်ကျင့်စဉ် ၁

ဒီကျင့်စဉ်က ယောဂကျင့်စဉ်အများစုရဲ့ အဓိကကျင့်စဉ်ပါ။ ဝမ်းဗိုက်နဲ့တစ်ကိုယ်လုံးကို သန်စွမ်းစေပြီး တင်ပါးနဲ့ ပေါင်ကို ဆွဲဆန့်လှုပ်ရှားဖြစ်စေပါတယ်။မတ်မတ်ရပ်ပြီး ညာဘက်ခြေထောက်ကို နောက်ခြေတစ်လှမ်း ဆုတ်ပါ။ ပခုံးတွေကိုမတ်ပြီး လက်တွေကို ခေါင်းပေါ် ဆန့်တန်းထုတ်ပါ။ ဒီအနေအထားအတိုင်း ၈-၁၀ ကြိမ် အသက်ရှူပြီး နောက်တစ်ဖက်ပြောင်းလုပ်ပါ။


(၇) အောင်နိုင်သူဟန်ပန်ကျင့်စဉ် ၂

တင်ပါးနဲ့ ပေါင်အတွင်းပိုင်းကို ဆွဲဆန့်လေ့ကျင့်ဖြစ်စေပြီး ကိုယ်နေဟန်ကြည့်ကောင်းစေပါတယ်။ အစာကြေစေပြီး ခါးကိုက်ဝေဒနာ သက်သာစေပါတယ်။ ခြေထောက်တွေကို ခပ်ကျဲကျဲ ချဲရပ်ပြီး ဘယ် ခြေထောက်ကို ၉၀ ဒီဂရီကွေးလိုက်ပါ။ ညာခြေကတော့ ၄၅ ဒီဂရီပဲ ကွေးရပါမယ်။ ရှေ့ဒူးကိုကွေးပြီး လက်မောင်းတွေကို ဘေးဘက်ဆန့် တန်းထုတ်ပါ။ သင့်မျက်ဝန်းက ညာဘက်လက်ကို ငေးကြည့်နေရ ပါမယ်။ ဒီအနေအထားအတိုင်း ၈-၁၀ ကြိမ်ခန့် အသက်ရှူသွင်းပြီး တခြားဘက်ပြောင်းလုပ်ပါ။


(၈) ထိုင်ပြီး ကွေးညွတ်သည့် ကျင့်စဉ်

ဒီကျင့်စဉ်က ခါးအပေါ်ပိုင်းနဲ့ အောက်ပိုင်း ဆွဲဆန့်မှုဖြစ်စေပြီး တံကောက်ကြောတွေကို သန်စွမ်းစေပါတယ်။ တစ်ကိုယ်လုံးကို ပွင့် စေပြီး အသက်ရှူရလွယ်ကူစေပါတယ်။ ခေါင်းကိုက်တာ၊ ပူပင်သောကများတာတို့ သက်သာစေပြီး နုံးချည့်ညောင်းညာတဲ့ ဝေဒနာ လျော့ကျစေပါတယ်။ခြေထောက်တွေဆန့်တန်းပြီးထိုင်ပါ။ ပြီးရင် ခါးကိုရှေ့ဘက်ကိုင်းညွတ်ကာ ဦးခေါင်းကို ရှေ့သို့ငိုက်ပေးပါ။ အကြောဆွဲဆန့်ပြေလျော့စေချိန်မှာ ၈-၁၀ ကြိမ်ခန့် အသက်ရှူသွင်းပေးပါ။ ခါးတွေကို ဖြောင့်ထားရပါမယ်။


(၉) တံတားပုံစံကျင့်စဉ်

ယောဂစကျင့်သူတွေအတွက် နောက်ထပ်အရေးကြီးတဲ့ ကျင့်စဉ်ပါ။ ခန္ဓာကိုယ်ရှေ့ပိုင်းနဲ့ နောက်ပိုင်းကို ဆွဲဆန့်လေ့ကျင့်ခန်းလုပ် ဖြစ်စေပါတယ်။ သွေးလှည့်ပတ်မှုကောင်းစေပြီး အစာကြေညက်စေပါတယ်။ စိတ်ဖိစီးမှုလျော့ကျပြီး အဆုတ်နဲ့ သိုင်းရွိုက်ဂလင်းကို ပွင့် စေပါတယ်။ ပက်လက်လှန်လှဲလျောင်းပြီး တင်ပါးကို မြှင့်ထားပါ။ ဒီအနေအထားအတိုင်း ၈-၁၀ ကြိမ် အသက်ရှူသွင်း/ရှူထုတ်လုပ်ပေးပါ။


(၁၀) ကလေးပုံစံကျင့်စဉ်

ဒါက စိတ်ဖိစီးမှုနဲ့ တင်းအားတွေ ပြေလျော့စေမယ့် အကောင်းဆုံးအနေအထားကျင့်စဉ်ပါ။ အစာ ကြေညက်စေပါတယ်။ ဖျာပေါ်မှာ ပုဆစ်တုပ်ထိုင်ပါ။ ဦးခေါင်းကို ကြမ်းပြင်ဆီ ထိကပ်ကာ လက်တွေက နောက်ဖက်ကိုဆန့်ထုတ်ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top