Healthy Life Ad
International

ကင်ဆာဝေဒနာရှင်မိခင်အတွက် အသည်းကွဲ သီချင်း အသံသွင်းသီဆိုခဲ့သည့် ၁၁ နှစ်အရွယ် ကျောင်းသူ

၊ ကိုထက် ၊

ဝေလပြည်နယ်တောင်ပိုင်းမှ အသက် ၁၁ နှစ်အရွယ် ကီရာဝဲလ်ဆိုတဲ့ ၁၁ နှစ်အရွယ်သမီးလေးက ၃၅နှစ်အရွယ် မိခင်ဖြစ်သူ ကုသလို့မရတော့တဲ့ သားအိမ်ခေါင်းကင်ဆာခံစားနေကြောင်း သိခဲ့ရပြီးချိန်မှာ သီချင်းတစ်ပုဒ်ရေးစပ်ခဲ့ပါတယ်။

မိခင်အတွက် သူရေးစပ်ထားတဲ့ သီချင်းကို ဆိုနစ်ဝမ်းစတူဒီယိုထဲမှာ အသံသွင်းသီချင်းဆိုခဲ့ပြီး သူ့သီချင်းထဲမှာ-“အခန်းထဲမှာ မငိုမိအောင် ကြိုးစားရင်း သမီးထိုင်နေတယ်။ မျက်ရည်တွေကို ကိုယ့်ဘာသာ သုတ်ဖို့ပြောရင်းအားတင်းပြီး မတ်မတ်ရပ်မယ်။ သင့်ကိုယ်သင်ပြန်တည်ဆောက်ပါ၊ ပြန်တည်ဆောက်ပါ . . နေ့တိုင်း မေမေ့မျက်ဝန်းထဲက တိုက်ပွဲတစ်ခုကိုမြင်နိုင်တယ် . . မေမေ ဒါကို မကျော်ဖြတ်နိုင်တော့ဘူး . . .”ဆိုတဲ့ စာသားတွေ ပါဝင်နေခဲ့ပါတယ်။

ကီရာက မိခင်အတွက် ရန်ပုံငွေ ရှာရာမှာ ကူညီဖို့ရည်ရွယ်ပြီး “သင့်ကိုယ်သင် တည်ဆောက်ပါ” အမည်ရှိ တေးသီချင်းကို အသံသွင်းခဲ့တာပါ။ နောက်တစ်ပတ်မှာတော့ စီဒီတစ်ချပ်ကို စတာလင် ပေါင် ၃ ပေါင်နဲ့ ရောင်းမှာဖြစ်ပြီး လေးရက်အတွင်း ကြိုတင်မှာယူမှု ၁၇၀ ခွေ ရှိခဲ့ပါတယ်။

ဒီလို မိခင်အတွက် အသဲကွဲသီချင်းရေးစပ်ဖြစ်တာနဲ့ ပတ်သက်ပြီး ကီရာက “မေမေ နေမကောင်း ဖြစ်နေတဲ့အတွက် ကျွန်မ တော်တော်စိတ်ထိခိုက်ရပါတယ်။ ဒါကြောင့် သီချင်းစရေးခဲ့တယ်။ ကျွန်မရဲ့ ဒရမ်မာအဖွဲ့ရှေ့မှာ ဆိုပြလိုက်တော့ သူတို့ သဘောကျတယ်”လို့ ပြောပြခဲ့ပါတယ်။

ကီရာကို မိတ်ဆွေတွေကလည်း အားပေးကူညီခဲ့ကြပါတယ်။ ကီရာ့မိခင်မှာ ကီရာအပါအဝင် သမီးသုံးဦးရှိကာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ သားအိမ်ခေါင်းကင်ဆာခံစားနေရကြောင်း သတင်းဆိုးကိ စတင်သိရှိခဲ့တာ ဖြစ်ပါတယ်။

(Ref;DM)
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top