၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)
လိုအပ်မှ သွေးလှူခြင်းထက် ကြိုတင်သွေးလှူဒါန်းခြင်းက ထိရောက်မှုပိုရှိကြောင်း UMG Group of Companies ၏ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲတွင် ဒုတိယညွှန် ကြားရေးမှူးဖြစ်သူ ဒေါက်တာသီတာအောင်က ပြောသည်။
“သွေးလိုအပ်တယ်ဆိုရင် သွေးလှူချင်ကြတယ်။ ဒါပေမဲ့ အဲဒီလိုလိုအပ်မှ သွေးလှူတာထက် ကြိုတင်သွေးလှူဒါန်းခြင်းက ပိုပြီးထိရောက်မှုရှိပါတယ်။ လိုအပ်မှ သွေးလှူဒါန်းတာက ဆရာမတို့ဘက်က ပေးနိုင်တဲ့ Technical အင်အား၊ ဘတ်ဂျက်အင်အား အပြည့်မပေးနိုင်တဲ့အတွက် ဆရာမတို့လိုချင်တဲ့ အရည်အသွေးကိုမရပါဘူး။ ဒါကြောင့် ဘာအပူအပင်မှမရှိဘဲ အေးအေးဆေးဆေးရှိချိန်မှာ သွေးလှူတာကလူနာတွေအတွက် ပိုပြီး အရည်အသွေးကောင်းတဲ့ သွေးအမျိုးအစားကို ပေးနိုင်မှာဖြစ်ပါတယ်”ဟု ဒေါက်တာဒေါ်သီတာအောင်က ဆိုသည်။
“UMG Group of Companies ရဲ့ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာတစ်နိုင်ငံလုံး တစ်နေ့တည်း၊ တစ်ချိန်တည်း စုစုစည်းစည်းနဲ့ စုပေါင်းဂုဏ်ပြုသွေးလှူဒါန်းတာပဲဖြစ်ပါတယ်။ UMG ဝန်ထမ်းအချင်းချင်း ပိုမိုရင်းနှီးမှုရရှိစေဖို့နဲ့ အရေးပေါ် သွေးလိုအပ်နေတဲ့ လူနာတွေအတွက် မိမိခန္ဓာကိုယ်ကထုတ်ယူပြီး လှူဒါန်းတဲ့ မွန်မြတ်တဲ့ ပါရမီ(၁၀)ပါးကို ဖြည့်ကျင့်နိုင်ဖို့ ရည်ရွယ်ပါတယ်”ဟု UMG Group of Companies ၏ ဥက္ကဌဒေါ်မာလာဝင်းက ပြောသည်။
UMG Group of Companies ၏ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲကို အမျိုးသားသွေးလှူဘဏ်နှင့် မြန်မာတစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင် ကျင်းပပြုလုပ်ခဲ့ကြပြီး ဝန်ထမ်းစုစုပေါင်း ၃၀ဝ ကျော် ပါဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)
