Healthy Life Ad
International

မျက်စိအာရုံခံလွှာအောက်တွင် အဝါရောင်အစက်နှင့် သွေးကြောထူများရှိခြင်းက သူငယ်ပြန်ရောဂါ အစောပိုင်းလက္ခဏာဖြစ်နိုင်

၊ ကိုထက် ၊

မျက်စိနောက်ဘက်မှာ အဝါရောင်အစက်သေးသေးလေးတွေရှိတာက သူငယ်ပြန်ရောဂါ အစောပိုင်းသတိပေးလက္ခဏာဖြစ်နိုင်တယ်လို့ လေ့လာမှုအသစ်တစ်ခုက ဆိုပါတယ်။

မျက်စိအာရုံခံလွှာအောက်ရှိအလွှာမှာ အဆီနဲ့ကယ်လ်စီယမ်စုပုံတဲ့အခါ အစက်အပြောက်လေးတွေ တွေ့ရပြီး စကင်မှာ မြင်တွေ့နိုင်ပါတယ်။ အဲဒီအစက်အပြောက်လေးတွေက အိုမင်းမှုလက္ခဏာဖြစ်သလို အသက် ၄၀ ကျော်အရွယ်တွေမှာ အတွေ့ရများပါတယ်။ အများအားဖြင့်လည်း အန္တရာယ်မရှိပါဘူး။

ဒါပေမဲ့ ကွင်းတက္ကသိုလ်လေ့လာမှုအသစ်အရ အယ်လ်ဇိုင်းမားရောဂါခံစားနေရသူတွေက ကျန်းမာသူတွေထက်မျက်စိအာရုံခံလွှာနားမှာ အဝါရောင် ဒါမှမဟုတ် အဖြူရောင် အစက်လေးတွေကို များများတွေ့ရတယ်လို့ သိရပါတယ်။ မျက်စိသွေးကြောထဲမှာ အစက်အပြောက်တွေတွေ့ပြီဆိုတာနဲ့ အယ်လ်ဇိုင်းမားရောဂါ စစ်ဆေးမှုကိုခံယူဖို့ သိပ္ပံပညာရှင်တွေက အကြံပြုလိုက်ပါတယ်။

“မျက်စိဆိုတာ ခန္ဓာကိုယ်ရဲ့ ပြတင်းပေါက်လို့ တင်စားကြပါတယ်။ မျက်စိစစ်ဆေးမှုကနေ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ ဦးနှောက်အကျိတ်တွေ ရှိ၊ မရှိဆိုတဲ့ အစောပိုင်း လက္ခဏာတွေကို စစ်ဆေးတွေ့ ရှိနိုင်ပါတယ်။ မျက်စိအာရုံခံလွှာက ဗဟိုအာရုံကြော စနစ်အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ဦးနှောက်လုပ်ငန်းဆောင်တာတွေနဲ့ ဆက်စပ်မှုရှိတတ်ပါတယ်။ မျက်စိကိုစစ်ဆေးတာကြောင့် ဦးနှောက်အပြောင်းအလဲ ရှိ၊ မရှိသိနိုင်တာဖြစ်ပါတယ်”လို့ လန်ဒန်ဖိုးကပ်စ်ဆေးခန်းမှ မျက်စိခွဲစိတ်ကုဆရာဝန် ဒေးဗစ်ကဆိုပါတယ်။

လေ့လာမှုမှာ အသက် ၆၀ နဲ့ ၉၂ နှစ်ကြား လူနာ ၁၁၇ ဦးရဲ့ မျက်စိတွေကို စစ်ဆေးခဲ့တာဖြစ်ပြီး အယ်လ်ဇိုင်းမားရောဂါရှိသူ ၂၅ ရာခိုင်နှုန်းက မျက်စိအာရုံခံလွှာနားမှာ အဝါရောင်အစက်အပြောက်ရှိတယ်လို့ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ မျက်စိသွေးကြောထူထဲတာက ဦးနှောက်ဆီကို သွေးစီးဆင်းရောက်ရှိမှု မကောင်းတာကို ညွှန်ပြနေတယ်လို့ လေ့လာသူတို့က ထင်မြင်ထားကြပြီး မျက်စိစစ်ဆေးမှုက ဦးနှောက်ရောဂါတွေရဲ့ ပြတင်းပေါက်ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ကြပါတယ်။

ယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top