Healthy Life Ad
International

ခင်ပွန်းသည် စိတ်ကျရောဂါခံစားနေရပါက ဇနီးတွင် ကိုယ်ဝန်ရရှိနိုင်ခြေလျော့နည်း

၊ ကိုထက် ၊

မျိုးအောင်နိုင်စွမ်းမရှိသူစုံတွဲများအနက် အိမ်ထောင်ဖက်ခင်ပွန်းတွင် စိတ်ကျရောဂါခံစားရခြင်းက ဇနီးသည်တွင် ကိုယ်ဝန်ရရှိနိုင်ခြေ လျော့နည်းခြင်းနှင့် ဆက်စပ်နေကြောင်း လေ့လာမှုတစ်ခုအရ သိရသည်။

စုံတွဲများအနက် စိတ်ကျရောဂါ ခံစားနေရသည့် အိမ်ထောင်ဖက်အမျိုးသားရှိပါက ပျော်ရွှင်တတ်သည့် အိမ်ထောင်ဖက်အမျိုးသားရှိသူများထက် သန္ဓေတည်နိုင်ခြေ ၆၉ ရာခိုင်နှုန်းလျော့နည်းကြောင်း လေ့လာမှုအရသိရသည်။ အိမ်ထောင်ဖက်အမျိုးသမီးတွင် စိတ်ကျရောဂါရှိခြင်းက သန္ဓေတည်ခြင်းနှင့် ကလေးမွေးဖွားခြင်းအပေါ် သက်ရောက်မှုမရှိကြောင်း လေ့လာသူတို့ကဆိုသည်။

ထို့ပြင် စိတ်ကျရောဂါကုသဆေး အမျိုးအစားတစ်မျိုးဖြစ်သည့် non-SSRIs ဆေးမှီဝဲခြင်းက အမျိုးသမီးများတွင် ကိုယ်ဝန်ပျက်ကျနိုင်ခြေမြင့်မားမှုနှင့် ဆက်စပ်နေကြောင်း မျိုးအောင်ခြင်းဆိုင်ရာ ဂျာနယ်တွင် ဖော်ပြထားသည်။ သို့သော် အခြားစိတ်ကျကုဆေးအမျိုးအစားဖြစ်သည့် SSRIs ကမူ ကိုယ်ဝန်ပျက်ကျခြင်းနှင့် ဆက်နွှယ်မှုမတွေ့ရပေ။ ယခုလေ့လာမှုအရ မျိုးမအောင်သည့်လူနာများနှင့် သူတို့ ဆရာဝန်တို့အား ဆေးကုသမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ချမှတ်ရာတွင် သတင်းအချက်အလက် အသစ်ပေးနိုင်လိမ့်မည်ဟု အမေရိကန်နိုင်ငံ NICHID မှ အီစသာက ဆိုသည်။

ယခင်လေ့လာမှုအရ မျိုးအောင်စေရန် ကုသမှုခံယူနေကြသည့် အမျိုးသမီး ၄၁ ရာခိုင်နှုန်းတွင် စိတ်ကျရောဂါ ဝေဒနာလက္ခဏာများရှိနေကြာင်း တွေ့ရပြီး အခြားလေ့လာမှုအရ ဖန်ပြွန်သန္ဓေသားကုထုံးခံယူသည့် အမျိုးသမီး ၅၀ ရာခိုင်နှုန်းနီးပါးမှာ စိတ်ကျရောဂါလက္ခဏာများ ခံစားနေရကြောင်းသိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top