Healthy Life Ad
Life Style

ကိုယ်အလေးချိန် ပေါင် ၂၀ဝ ခန့်လျော့ကျသွားခဲ့သူ ဒေါက်တာလှဝင်းအောင်၏ ကိုယ်တွေ့ဆန်ဆေးရည်အစွမ်း

နိုင်ငံတော်မှ ဘွဲ့ဆုတံဆိပ်များစွာ ချီးမြင့်ခြင်း ခံထားရသူ ဒေါက်တာလှဝင်းအောင်က အဘိဓမ္မာ ဆရာတစ်ဦး၊ လူမှုရေးအလုပ်များစွာ လုပ်ဆောင်သည့် စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ် လူသိများသူဖြစ်သည်။ သူပြောပြထားသည့် ဆန်ဆေးရည်၏ကျန်းမာရေးနှင့် အလှအပအကျိုးကျေးဇူးများကို အများပြည်သူဗဟုသုတရရှိစေရန် ပြန်လည်မျှဝေလိုက်ပါသည်။

“ဆန်ဆေးရည်ကြောင့် အသက်၄၀ ကျော် အရွယ်တွေ ငယ်ရွယ်နုပျိုစေနိုင်ပြီး အရွယ်သုံးပါးလုံးအတွက် တန်ဖိုးနည်းပေမယ့် စွမ်းတဲ့သဘာဝဆေးပါ။ ဆန်ဆေးရည်အစွမ်းကြောင့် နေလောင်၊ မှဲ့ခြောက်၊ တင်းတိတ်နဲ့ မျက်နာအရေးကြောင်း၊ အရေပြား ပျော့တွဲတွဲဖြစ်နေခြင်းတွေ ပျောက်ကင်းသက်သာကြောင်းကို ကျွန်တော့်ကိုယ်တွေ့နဲ့ သုတသန္နိစယ ကျမ်းပါနန်းတွင်းသုံးသဘာဝရဲ့ ဆေးတစ်လက်ဖြစ်ကြောင်းကိုပါ ပြောပြပေးချင်တာပါ။

မန္တလေးရွှေမြို့တော်ကြီးကို ထူထောင်ခဲ့တဲ့ မင်းတုန်းမင်းကြီး လက်ထက်တော်အခါတုန်းက မင်းကြီးရဲ့ မိဖုရားတစ်ပါးဖြစ်တဲ့ မယ်သဲ(ခေါ်)မယ်ညွန့်ဟာ အဝလွန်တာကြောင့် မင်းကြီးရဲ့ငယ်ချစ်သခင် ဖြစ်ပါရက်နဲ့ တောင်နန်းစံမိဖုရားခေါင်ကြီးဘဝ မဖြစ်ရရှာဘဲ ဝလွန်းလို့ မြောက်နန်းစံမိဖုရားဘဝနဲ့သာ ဖြစ်ရရှာတဲ့အတွက် နန်းတွင်းသမားတော်ကြီးတွေက ပွဲတော်တည်ဖို့ထမင်းမချက်မီ ဆန်ကိုသန့်စင်အောင် ရေဆေးကြောတဲ့အခါ ရရှိတဲ့ ဒုတိယဆန်ဆေးရည်ကို နေ့စဉ် အုန်းမှုတ်တစ်ခွက်စာ ဘုဉ်းပေးသုံးဆောင်ဖို့ လျောက်တင်ခဲ့ပါတယ်။ ဆန်ဆေးရည်နဲ့ အဝလွန်တဲ့ရောဂါကို ကုသပေးခဲ့တာကြောင့် အလွန်ပဲလှပကြော့ရှင်းတဲ့ ခန္ဓာဖြစ်သွားတာကို မင်းကြီးတိုင်းခန်းလှည့်လည် အပြန်ညအိပ်ဆောင်ဝင်တော့ လူမှားခဲ့ရတဲ့အထိ လှပနေပါသတဲ့။

ဆန်ဆေးရည်မှာ ဗီတာမင်ဓာတ်များပါဝင်တာကြောင့် အစာစားချင်စိတ်ကို အလွန်ထိန်းချုပ်ပေးပါတယ်။ ဝနေတဲ့လူတော်တော်များများက အစားအစာအစားများတာ၊ အသင့်စားခေါက်ဆွဲခြောက်တွေကို အလွယ်တကူဝယ်စားတာ၊ အဆီအအိမ့်နဲ့ နှစ်ပြန်ကြော်ဆီတွေ၊ ဟင်းအနှစ်တွေ၊ အကြော်အလှော်တွေစားတာ၊ ညအချိန်မတော်ထစားတာတွေ လုပ်တတ်ပြီး ကိုယ်စားတာက မိမိခန္ဓာကိုယ် လိုအပ်တာထက် ပိုအစားများတာနဲ့ စိတ်အလိုကို ခန္ဓာကိုယ်က လိုက်ပြီးစားတာတွေကြောင့် ဝနေကြတာပါ။

လူတစ်ယောက်အရမ်းဝနေရာကနေ ဝိတ်ကျဖို့ အားကစားက ၅၀ ရာခိုင်နှုန်း အရေးပါကာ အစားအစာထိန်းစားတာက ၅၀ ရာခိုင်နှုန်း အရေပါလှပါတယ်။ ဆန်ဆေးရည်မှာ ဗီတာမင်ဓာတ်များ ပါဝင်တာကြောင့် အစာစားချင်စိတ်ကို အလွန်ထိန်းချုပ်ပေးပါတယ်။ ဝနေတဲ့လူတော်တော်များများက အစားအစာ အစားများတာ၊ အသင့်စား ခေါက်ဆွဲခြောက်တွေကို အလွယ်တကူဝယ်စားတာ၊ အဆီအအိမ့်နဲ့ နှစ်ပြန်ကြော်ဆီတွေ၊ ဟင်းအနှစ်တွေ၊ အကြော်အလှော်တွေစားတာ၊ ညအချိန်မတော်ထစားတာတွေ လုပ်တတ်ပြီး ကိုယ်စားတာက မိမိခန္ဓာကိုယ်လိုအပ်တာထက် ပိုအစားများတာနဲ့ စိတ်အလိုကို ခန္ဓာကိုယ်ကလိုက်ပြီး စားတာတွေကြောင့် ဝနေကြတာပါ။

ဝိတ်ကျဖို့ ညနေ၅နာရီနောက်ပိုင်း အသီးအနှံစားသုံးတာ၊ ခန္ဓာကိုယ်မှ မလိုအပ်တဲ့အဆီတွေ လောင်ကျွမ်းစေဖို့၊ သက်လုံကောင်းစေဖို့ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်တာနဲ့အတူ ဆန်ဆေးရည်ထဲ ဆားအနည်းငယ်ထည့်ကာ တွဲသောက်ပါက အလျင်အမြန် ဝိတ်ကျတဲ့အပြင် မျက်နှာနဲ့ ကိုယ်ခန္ဓာ အရေပြားတွဲကျနေတာတွေကို တင်းရင်းစေပါတယ်” ဟု ဒေါက်တာလှဝင်းအောင်က ပြောသည်။

ဝိတ်ကျစေရန်နှင့် အသားအရေလှပစေရန် ဒုတိယအကြိမ်ဆန်ဆေးထားသည့် ဆန်ဆေးရည်ကို ရေစစ်နှင့်စစ်ပြီး သုံးသင့်ကြောင်း ဒေါက်တာ လှဝင်းအောင်ကဆိုသည်။ “ဆန်ဆေးရည်အသုံးပြုမယ်ဆိုရင် ထမင်းချက်ဖို့ ဆန်ဆေးတဲ့အခါ ဒုတိယဆန်ဆေးရည်ကို ရေစစ်နဲ့ အသေအချာလေး ပြန်စစ်ဖို့တော့လိုပါလိမ့်မယ်။ ဆန်ဆေးရည် အသုံးမပြုခင် ရေစစ်နဲ့ ၃ကြိမ်လောက် ပြန်စစ်ပါ။ ရေစစ်နဲ့စစ်ထားတဲ့ ဆန်ဆေးရည်ကို ရေခဲသေတ္တာထဲမှာ နာရီဝက်ခန့်ထားပြီးတော့မှ သောက်ပေးပါ။ ဆန်ဆေးရည်မသန့်ရင် မျက်နှာယားယံတာ၊ သောက်ပြီး မူးနောက်နောက် ထုံထိုင်းထိုင်းဖြစ်တာမျိုး ဖြစ်တတ်လို့ပါ။

ကျွန်တော်လက်တွေ့ ဆန်ဆေးရည်နဲ့ မျက်နှာသစ်ပြီး၂နှစ်အတွင်းမှာ မျက်နှာအရေးကြောင်းတွေ၊ နေလောင်ကွက်တွေနဲ့ မျက်ခုံးမွှေးပါးနေရာမှ မျက်ခုံးမွှေးပြန်ပေါက်လာတာ၊ အသားအရေတင်းရင်းလာတာတွေ သိသာခဲ့ပါတယ်။ ဆန်ဆေးရည်က အစာအိမ်နာတာ၊ အူမကြီးရောဂါ၊ အဆီအအိမ့် အစားများပြီး သွေးထဲမှာ အဆီဓာတ်များတာ၊ အဝလွန်ရောဂါ၊ လေထိုးလေအောင့်၊ အစာအိမ်နာဝေဒနာတွေ၊ ဆီးကျင်ဆီးအောင့် ဝေဒနာတွေ၊ ဆီးကျောက်တည် ဝေဒနာတွေအတွက် သန့်ရှင်းလက်ဆတ်တဲ့ ဆန်ဆေးရည်ကို တစ်ရက်မှာ မတ်ခွက်တစ်ခွက်စာ သောက်ပေးရင် သက်သာစေပါတယ်။ ထမင်းချက်ဖို့အတွက် ဆန်၃ကြိမ်ရေဆေးတဲ့အခါ ဒုတိယဆန်ဆေးရည်ကိုခံထားပြီး ရေစစ်ကလေးနဲ့ပြန်စစ်ကာ တစ်နာရီအတွင်း သောက်သုံးပေးရမှာပါ။

ဆံပင်ဖြူတဲ့သူ၊ ဆံပင်ပါးတဲ့သူ၊ ဆံပင်ကျွတ်သူ ဦးရေပြားရောဂါ အတွက်တော့ ညနေဆန်ဆေးတဲ့ ဒုတိယဆေးရည်ကို တစ်ညလုံးထားပြီး နောက်တစ်နေ့မနက် ခေါင်းလျှော်ရပါမယ်။ ခေါင်းလျှော်ပြီး ရိုးရိုးရေနဲ့ ပြန်ပြီးခေါင်းလျှော်စရာမလိုအပ်ဘဲ ရေခြောက်အောင်သာ ပဝါနဲ့သုတ်ပစ်ရမှာဖြစ်ပါတယ်။

ဆန်ဆေးရည်အသုံးပြုမယ်ဆိုရင် ထမင်းချက်ဖို့ ဆန်ဆေးတဲ့အခါ ဒုတိယဆန်ဆေးရည်ကို ရေစစ်နဲ့ အသေအချာလေး ပြန်စစ်ဖို့တော့လိုပါလိမ့်မယ်။ ဆန်ဆေးရည် အသုံးမပြုခင် ရေစစ်နဲ့ ၃ကြိမ်လောက် ပြန်စစ်ပါ။ ရေစစ်နဲ့စစ်ထားတဲ့ ဆန်ဆေးရည်ကို ရေခဲသေတ္တာထဲမှာ နာရီဝက်ခန့်ထားပြီးတော့မှ သောက်ပေးပါ။

ဆန်ဆေးရည်မှာ ဗီတာမင်ဓာတ်များစွာ ပါဝင်ပါတယ်။ မျက်နှာနေလောင်တာ၊ မှဲ့ခြောက်၊ တင်းတိတ်၊ အရေပြားမှိုစွဲတာ၊ အရေပြားပျော့တွဲနေရင် ဆန်ဆေးပြီး သန့်ရှင်းလတ်ဆတ်တဲ့ ဆန်ဆေးရည်ကို တစ်နာရီအတွင်းမှာ မျက်နာသစ်ရမှာ ဖြစ်ပါတယ်။ ဆန်ဆေးရည်နဲ့ မျက်နှာသစ်ပြီးပါက နာရီဝက်ခန့် မျက်နှာကို ခြောက်သွေ့အောင်ထားရပါမယ်။ မျက်နှာမှာဆန်ဆေးရည်တွေ ခြောက်သွေ့သွားပြီဆိုမှ မိမိတို့သုံးနေကြ မျက်နာသစ်ဆပ်ပြာနဲ့ မျက်နှာသစ်ရေချိုးမယ်ဆိုရင် တစ်နှစ်အတွင်း မျက်နှာမှာ သိသိသာသာအရေးကြောင်းကင်းစင်ပြီး အရွယ်တင်နုပျိုနေမှာ ဖြစ်ပါတယ်။ အထူးသတိပေးပြောကြားလိုတာက ကောက်ညှင်းဆန်ငချိတ်ဆန်ကရတဲ့ ဆန်ဆေးရေဟာ မူးဝေတတ်လို့ မသောက်သုံးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်မိခင်၊ ကလေးနို့တိုက်မိခင်တွေ မသောက်စေချင်ပါ” ဟု ဒေါက်တာလှဝင်းအောင်က ပြောသည်။

တကယ်ကျန်းမာရေးကောင်းလိုလျှင်၊ တကယ်ဝိတ်ကျလိုလျှင် အဆီအအိမ့် အချိုများရှောင်ခြင်း၊ အစားအစာကို သတိလေးနှင့်စားခြင်း၊ အစာစားလျှင် အမြန်မစားဘဲ ကြေညက်အောင်ဝါးစားခြင်း၊ အရက်ဘီယာ၊ အချိုရည်၊ ဆေးလိပ်ရှောင်ခြင်း၊ သန့်ရှင်းသော ဆန်ဆေးရည်ကို နေ့စဉ်တစ်လီတာ ပုံမှန်သောက်ပြီး အားကစားတစ်ခုခုကို နေ့စဉ်ပုံမှန်လုပ်ခြင်း(သို့မဟုတ် နေ့စဉ် လမ်းများများလျှောက်ပြီး ရေများများသောက်ခြင်း)၊ ညနေ၅နာရီနောက်ပိုင်း အစာမစားဘဲနေခြင်း၊ (ဗိုက်အလွန်ဆာနေလျှင် ငှက်ပျောသီး၊ မာလကာသီး၊ ပန်းသီး သို့မဟုတ် အသီးအနှံ တစ်ခုခုစားခြင်းတို့ကို ပြုလုပ်သင့်ကြောင်း၊ တစ်နှစ်ခန့် လိုက်နာကြည့်လျင် ကျန်းမာရေးကောင်းပြီး ကိုယ်အလေးချိန်ကျမည်ဖြစ်ကြောင်း ဒေါက်တာလှဝင်းအောင်က အကြံပြုထားသည်။

နှစ်နှစ်အတွင်း ကိုယ်အလေးချိန် ၃၆၀ ပေါင်ကျော် လူဝကြီးအဖြစ်မှ ပေါင် ၁၆၀ ကျော်အထိ လျော့ကျသွားရခြင်းအကြောင်းကို ဒေါက်တာလှဝင်းအောင်က-

“တချို့ကဆို ကျွန်တော့်မျက်နှာ ခွဲစိတ်ပြုပြင်ထားသလား အထင်မှားနေကြပါတယ်။ စိတ်နဲ့တောင် အဲ့ဒီအတွက် ပိုက်ဆံအကုန်မခံပါဘူးခင်ဗျာ။ အဆီများတာရှောင်တယ်။ ညစာ အသီးအနှံစားပါတယ်။ အဲ့ဒါကြောင့်၂နှစ်အတွင်း ကျန်းမာရေးကောင်းမွန်ပြီး သိသာစွာ ကိုယ်အလေးချိန်ကျသွားတာပါ။ စပါးစိုက်တဲ့နေရာထည့်တဲ့ ပိုးသတ်ဆေးတွေ ဆန်စပါး ဖြစ်လာတော့လည်း ပိုးမထိုးအောင်၊ အနှံမွှေးအောင် တချို့က ဆေးဖြန်းတတ်တာကြောင့် ဆန်ဆေးတဲ့အခါ သေသေချာချာဆေးပါ၊ ဒုတိယဆေးတဲ့ ဆန်ဆေးရည်ကို ရေသန့်နဲ့ဆေးပါ၊ ရေစစ်နဲ့ပြန်စစ်ပါ၊ ပြီးမှနောက်နေ့မကူးဘဲ တနေ့ချင်းကုန်အောင် တစ်လီတာသောက်ပါ၊ မျက်နှာသစ်ပါ။ ဆန်ဆေးရည်သောက်တာက အသားအရေကျစ်ပြီး အမောခံနိုင်ပါတယ်။ အားကစားလုပ်တာနဲ့ အစားအစာထိန်းစားပါ၊ ညနေ ၅နာရီနောက်ပိုင်း အသီးအနှံပဲစားလို့ ပိန်တာပါ”ဟု ပြောပြထားပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top