Healthy Life Ad
Q & A

အကြောဆေး ခဏခဏသွင်းရင် ဘာဖြစ်နိုင်သလဲ

မေး ။ အကြောဆေးကို ခဏခဏသွင်းဖြစ်ပါတယ်။ အဲဒီလို ခဏခဏသွင်းရင် ဘာဖြစ်တတ်ပါသလဲ။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ အကြောဆေးဆိုရာမှာ ဘာဆေးတွေလဲဆိုတာ မပါတဲ့အတွက် ဂလူးကို့စ်သက်သက်လား၊ ဒါမှမဟုတ် ဂလူးကို့စ်နဲ့တွဲပြီး ဗီတာမင်တွေပါသလား။ သွင်းတဲ့ဆေးအပေါ် မူတည်ပြီး ဆေးမတည့်တာ ဖြစ်နိုင်ပါတယ်။ သွင်းတဲ့ အပ်တွေ မသန့်ရင် ပိုးဝင်နိုင်ပါတယ်။ သွင်းလိုက်တဲ့အရှိန်ပမာဏ များသွားရင် ရင်တုန်တာတို့ ဘာတို့ခံစားရတတ်ပါတယ်။ ဒါကြောင့် အကြောဆေးကတော့မလိုအပ်ဘဲနဲ့ မသွင်းသင့်ပါဘူး။ ဆရာဝန်တွေကလည်း မလိုရင်မသွင်းပေးကြပါဘူး၊ လူနာတွေကလည်း မတောင်းဆိုပါနဲ့။ ဗီတာမင်အားနည်းတယ်ထင်ရင် အားဆေးသောက်ဆေးကို မှီဝဲသင့်ပါတယ်။ အကြောဆေးသွင်းတာက အားဆေးသောက်တာထက်ပိုပြီး အကျိုးထူးတာ မရှိပါဘူး။ ဆီးချိုရောဂါရှိတဲ့သူဆိုရင် သွေးတွင်းသကြားဓာတ် မြင့်တက်လာနိုင်ပါတယ်။ ပိုတက်ဆီယမ်အားနည်းတဲ့သူဆိုရင် ပိုတက်ဆီယမ်ဓာတ်တွေကျပြီး ခြေကပ်၊ လက်ကပ်၊ ကြွက်တက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အကြောဆေးသွင်းတာကို တတ်နိုင်သမျှ ခဏခဏ မလုပ်သင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top