Healthy Life Ad
Health Tips

ကိုယ်အလေးချိန်ထိန်းနေသူတို့အတွက် ညဘက် ဗိုက်မဆာစေမည့် နည်းများ

၊ လရိပ်မေ ၊

ကိုယ်အလေးချိန်ထိန်းနေသူတို့အတွက် အိပ်ရာဝင်ခါနီး အစားမစားသင့်ပါဘူး။ ညဘက်မှာ ဗိုက်ဆာလာပြီဆိုရင် အိပ်မပျော်နိုင်ဖြစ်တတ်သလို စားမိရင်လည်း ကိုယ်အလေးချိန် မြင့်တက်လာနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ရာဝင်ခါနီး ဗိုက်မဆာစေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။

နံနက်စာ
နံနက်စာစားတာက အရေးကြီးပါတယ်။ နံနက်စာစားရင် စွမ်းအင်ကို မြင့်တက်စေသလို ညနေခင်းမှာ ဆာလောင်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ နံနက်စာကို အိပ်ရာနိုးပြီး မိနစ် ၉၀ အကြာမှာ စားပါ။ ပြီးရင် အချိန် ငါးနာရီကြာတိုင်း တစ်ကြိမ်စားပေးပါ။ ဒါဆိုရင် သွေးထဲမှာ သကြားဓာတ် တည်ငြိမ်နေကာ ညဘက်မှာ အလွန်အမင်း ဗိုက်ဆာတာမျိုး မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

ညစာ
ညစာစားရာမှာ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစာကိုရွေးချယ်စားပါ။ အမျှင်ဓာတ်ဟာ သွေးတွင်းသကြားဓာတ်ကို ဟန်ချက်ညီစေပြီး တစ်ညလုံး ဗိုက်ပြည့်နေစေပါတယ်။ အမျှင်ဓာတ် ရရှိအောင် ညစာမှာ ဟင်းသီးဟင်းရွက်စွပ်ပြုတ် တစ်ခွက်ပါဝင်ပါစေ၊ ညစာစားရင်း ရေများများ သောက်ပေးပါ။

သရေစာ
ညစာစားပြီးဗိုက်ဆာလာရင် သရေစာအနေနဲ့ အရည်ရွှမ်းတဲ့ သစ်သီးကို စားပေးပါ။ ဒါဆိုရင် ညဉ့်နက်ချိန် ဗိုက်ဆာတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ညဉ့်နက်သည်အထိ မအိပ်ဘဲ မနေပါနှင့်
ညဉ့်နက်တဲ့အထိ စကားစမြည်ပြောတာ၊ တီဗီကြည့်တာ၊ စာဖတ်တာစတဲ့ လုပ်ဆောင်မှုတွေ လုပ်ရင်တောင် စွမ်းအင်ကုန်ဆုံးတာကြောင့် ရုတ်တရက်ဗိုက်ဆာလာပြီး အစာတစ်ခုခုစားလိုစိတ် ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် ညဉ့်နက်တဲ့အထိ မအိပ်ဘဲမနေပါနဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top