Healthy Life Ad
Health Tips

ဗိုက်ပူခြင်းနှင့် ကျန်းမာရေးအန္တရာယ်

၊ လရိပ်မေ ၊

ဗိုက်နဲ့ခါးမှာ စုနေတဲ့အဆီတွေက အန္တရာယ်ရှိတဲ့အဆီတွေဖြစ်တာကြောင့် အောက်ပါ ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

(၁) နှလုံးရောဂါ

ဗိုက်မှာအဆီစုတာရဲ့ အရင်ဦးဆုံးနဲ့ အဖြစ်များဆုံး ကျန်းမာရေးအန္တရာယ်ကတော့ နှလုံးရောဂါပါပဲ။ ဗိုက်မှာ အဆီစုတာက သွေးတွင်းကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက်အဆီစုနေတတ်တာကြောင့် လေဖြတ်နိုင်ခြေရှိတဲ့ အလားအလာရှိနေပါတယ်။ ဒါကြောင့် အမျိုးသားတွေမှာ ခါးအတိုင်းအတာ ၄၀ လက်မကျော်ရင်၊ အမျိုးသမီးတွေမှာ ခါးအတိုင်းအတာ ၃၅ လက်မကျော်ရင် နှလုံးရောဂါထနိုင်ခြေ မြင့်မားတယ်လို့ နိုင်ငံတကာစံချိန်အရ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

(၂) ဆီးချိုသွေးချိုရောဂါ

ဗိုက်အဆီများတာကြောင့် နောက်ထပ်ဖြစ်တတ်တဲ့ အန္တရာယ်ကတော့ ဆီးချိုသွေးချိုရောဂါပဲဖြစ်ပါတယ်။ ဗိုက်အဆီများတာကြောင့် အင်ဆူလင်ထုတ်လုပ်မှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သွေးတွင်းသကြားဓာတ်များလာပြီး ဆီးချိုသွေးချို ရောဂါဖြစ်နိုင်ခြေ မြင့်မားလာပါတော့တယ်။

(၃) ရင်သားကင်ဆာ

ဗိုက်မှာ အဆီတွေများတာကြောင့် ဖြစ်တတ်တဲ့ နောက်ပြဿနာတစ်ရပ်ကတော့ ရင်သားကင်ဆာပါ။ ဗိုက်အဆီများတာဟာ အီစထရိုဂျင်ဟော်မုန်းထုတ်လုပ်မှု များစေတာကြောင့် ရင်သားကင်ဆာအန္တရာယ်ကို မြင့်တက်စေတာ ဖြစ်ပါတယ်။

(၄) ခြေထောက်သွေးကြောထုံးခြင်း

ခြေသလုံးသွေးကြောတွေမှာ သွေးကြောထုံးတာအဖြစ်များပါတယ်။ ဗိုက်မှာအဆီစုတာကြောင့် ဒီသွေးပြန်ကြောတွေမှာ ဖိအားသက်ရောက်ကာ အားနည်းရာက သွေးခဲတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ သွေးခဲတာကြောင့် ခန္ဓာကိုယ်တွင်းက အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ငန်းဆောင်တာကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top