Healthy Life Ad
Health Tips

အခွံချွတ်မထားသော ကောက်နှံစာများ စားခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူး

နေ့စဉ်စားသောက်တဲ့ အစားအသောက်တွေဟာ ကျန်းမာရေးအတွက် အထူးကို အရေးပါလှပါတယ်။ ဒါကြောင့် အစားအစာဟာလူတွေအတွက် ဆေးဝါးတစ်လက်လိုပဲ အစွမ်းထက်ကြောင်းဆိုခဲ့ကြတာပါ။

လေ့လာမှုအရ အခွံချွတ်မထားတဲ့ ကောက်နှံစာတွေကို စားသုံးတာက နှလုံးရောဂါအန္တရာယ်ကို ၂၅ရာခိုင်နှုန်း၊ လေဖြတ်ခြင်း အန္တရာယ်ကို ၃၇ ရာခိုင်နှုန်း၊ ဆီးချိုသွေးချိုရောဂါအန္တရာယ်ကို ၂၀-၂၇ ရာခိုင်နှုန်း၊ အစာခြေစနစ်မှာဖြစ်တဲ့ ကင်ဆာရောဂါတွေရဲ့ အန္တရာယ်ကို ၂၁ – ၄၃ ရာခိုင်နှုန်းနဲ့ ဟော်မုန်းနဲ့ဆက်စပ်နေတဲ့ ကင်ဆာရောဂါတွေကို ၁၀- ၄၀ရာခိုင်နှုန်း လျော့ကျစေနိုင်ကြောင်းသိရပါတယ်။

အခွံချွတ်မထားတဲ့ ကောက်နှံစာတွေမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့်ဖြစ်ပါတယ်။ အခွံချွတ်မထားတဲ့ ကောက်နှံစာတွေဆိုတာက ဆန်လုံးညို၊ အုတ်ဂျုံ၊ ခေါက်ဆွဲညို၊ ပေါင်မုန့်ညိုစတာတွေပဲ ဖြစ်ကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top