Healthy Life Ad
International

ရင်သားကင်ဆာ အဖြေမှားကြောင့် သေဆုံးသူရာကျော်ရှိ

၊ ကိုထက် ၊

ရင်သားကင်ဆာလက္ခဏာများထဲတွင် ရင်သားအလုံးအကျိတ်တွေ့ရခြင်းနှင့် ရင်သားအရေပြားချိုင့်ဝင်ခြင်းတို့ ပါဝင်သော်လည်း အခြားသတိပေးလက္ခဏာများကိုလည်း သိထားသင့်သည်။ အကြောင်းမှာ ရင်သားကင်ဆာ အဖြေမှားကြောင့် အမျိုးသမီး ရာနှင့်ချီပြီး သေဆုံးမှုများရှိနေကြောင်း သိရသည်။

ကျန်းမာရေးမှတ်တမ်းအရ ၂၀ဝ၉ ခုနှစ်ကတည်းက အသက် ၆၈ နှစ်မှ ၇၁ နှစ်ကြား အမျိုးသမီး လေးသိန်းခွဲကို လေ့လာခဲ့ရာမှာ ၁၃၀ ဦးနဲ့ ၂၇၀ ဦးကြား အမျိုးသမီးများသည် အဖြေမှားယွင်းဖော်ပြမှုကြောင့် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ နှစ်စဉ် အသက် ၅၀ နှင့် ၇၀ ကြား အမျိုးသမီးများသည် ရင်သားကင်ဆာ ရှိ၊ မရှိ စစ်ဆေးမှုကို ပုံမှန်ပြုလုပ်သင့်ကြောင်းသိရသည်။

လူအများစုက ရင်သားတွင် အလုံးအဖုနှင့် အကျိတ်ရှိလျှင်သာ စိတ်ပူတတ်သော်လည်း အခြားလက္ခဏာများကိုပါ သိထားရန် လိုအပ်ကြောင်းနှင့် ထိုလက္ခဏာများဖြစ်ကြသည့် (၁) ရင်သား သို့မဟုတ် ချိုင်း(ဂျိုင်း)တွင်အကျိတ်ပေါ်ခြင်း၊ (၂) ရင်သား အရေပြားပြောင်းလဲခြင်း၊ (၃) ရင်သားအရွယ်အစား သို့မဟုတ် ပုံသဏ္ဍာန်ပြောင်းလဲခြင်း၊ (၄) ရင်သား တစ်သျှူးထူထဲခြင်း သို့မဟုတ် ရင်သားအရေပြား ချိုင့်ဝင်ခြင်း၊ (၅) နို့သီးခေါင်းက အထဲစိုက်ဝင်ခြင်း၊ (၆) နို့သီးခေါင်းပုံစံပြောင်းလဲခြင်း သို့မဟုတ် အရည်များထွက်နေခြင်း၊ (၇) ရင်သားနာခြင်း၊ (၈) နို့သီးခေါင်းတွင် နီမြန်းနေခြင်း၊ (၉) ရင်သားတွင် ထုံးစံမဟုတ်သည့် ပြောင်းလဲမှုများ ဖြစ်ပေါ်နေခြင်းတို့ တွေ့ရှိရလျှင် နီးစပ်ရာ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ကြောင်းသိရသည်။ ရင်သားကင်ဆာသည် ကမ္ဘာပေါ်ရှိ အမျိုးသမီးများတွင် အဖြစ်များဆုံးကင်ဆာဖြစ်ပြီး ရင်သားကင်ဆာကို စောစောစီးစီး တွေ့ရှိလေ၊ ကုသပျောက်ကင်းနိုင်ခြေမြင့်မားလေဖြစ်သည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top