Healthy Life Ad
International

အဆင်သင့်အစာများများ စားသူအမျိုးသမီးများက သစ်သီးဝလံများများစားသူတို့ထက် မျိုးမအောင်နိုင်ခြေနှစ်ဆပိုမြင့်မား

၊ ကိုထက် ၊

အဆင်သင့်အစာတွေကို ပုံမှန်စားလေ့ရှိတဲ့ အမျိုးသမီးတွေက သစ်သီးဝလံတွေကို များများစားသူတွေထက် ကိုယ်ဝန်ရဖို့ ပိုကြန့်ကြာတတ်တယ်လို့ လေ့လာမှုတစ်ခုအရသိရပါတယ်။

တစ်ပတ်မှာ လေးကြိမ်နဲ့အထက် အဆင်သင့်အစာတွေကိုစားတဲ့ အမျိုးသမီးတွေက စားနှုန်းနည်းသူတွေထက် ကိုယ်ဝန်ရဖို့အချိန် တစ်လနီးပါးပိုယူရပြီး မျိုးမအောင်နိုင်ခြေ နှစ်ဆပိုများတယ်လို့လေ့လာမှုက ဆိုပါတယ်။

သစ်သီးဝလံ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်နဲ့ငါးတွေကို စားတဲ့သူတွေက မျိုးအောင်နိုင်စွမ်းပိုကောင်းပြီး ကိုယ်ဝန်ရဖို့ အချိန်ယူရနှုန်းလျော့ကျတယ်လို့ လေ့လာမှုက တွေ့ရှိခဲ့ပါတယ်။ လေ့လာသူတွေက ယူကေ၊ အိုင်ယာလန်၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေက ကိုယ်ဝန်ဆောင်အမျိုးသမီး ၅၅၉၈ ဦးရဲ့အစားအသောက်ရာဇဝင်ကို လေ့လာခဲ့တဲ့အခါ ၃၉ ရာခိုင်နှုန်းက တစ်လအတွင်း ကိုယ်ဝန်ရလာပြီး ၈ရာခိုင်နှုန်းက ကိုယ်ဝန်ရဖို့ တစ်နှစ်ကျော်ကြာတယ်လို့ သိရပါတယ်။

တစ်ပတ်အတွင်းလေးကြိမ်ခန့် အဆင်သင့်အစာတွေကို စားတာကြောင့် မျိုးမအောင်နိုင်ခြေကိုနှစ်ဆကျော်မြင့်တက်လာစေပြီး သစ်သီးဝလံတွေကိုပဲ စားတာကြောင့် မျိုးအောင်နိုင်စွမ်းကို မြင့်တက်စေတယ်လို့ လေ့လာမှုအရ သိရပါတယ်။

ဒီလေ့လာမှုမှာ မျိုးအောင်နိုင်စွမ်းအပေါ် ထိခိုက်စေတဲ့ ကိုယ်အလေးချိန်များလွန်း၊ နည်းလွန်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းစတဲ့ အချက်တွေကိုလည်း ထည့်သွင်းတွက်ချက်ခဲ့ပါတယ်။ နောက်ဆုံးမှာ သစ်သီးတွေကို စားတာက အန္တရာယ်ကင်းရုံသာမက အကျိုးရှိတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top