Healthy Life Ad
International

အိန္ဒိယရှိကျေးလက်ဒေသများတွင် ဆီးချိုရောဂါ ရှိ၊ မရှိ သိနိုင်မည့် ဖုန်းဆော့ဖ်ဝဲလ်အသစ် တီထွင်

၊ ကိုထက် ၊

အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ဆီးချို ရောဂါလို ကူးစက်မဟုတ်တဲ့ ရောဂါတွေ ရှိ၊ မရှိ သိနိုင်အောင် စမတ်ဖုန်းဆော့ဖ်ဝဲလ်တစ်ခုကို လေ့လာသူတွေက တီထွင်လိုက်ပါတယ်။

အဲဒီဆော့ဖ်ဝဲလ်ကို ”Smart Health” ခေါ်ပြီး ဒေသဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေက အလွယ်တကူအသုံးပြုနိုင်ပြီး ကျေးလက်ဒေသ နေသူတွေမှာ ဆီးချိုရောဂါ ရှိနေသလား၊ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ မြင့်မားသလားဆိုတာကို ဆန်းစစ်အကဲဖြတ်နိုင်မှာ ဖြစ်ပါတယ်။

ဒေသဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေက အဆိုပါဆော့ဖ်ဝဲလ်နဲ့ စစ်လိုက်လို့ ဆီးချိုရှိမှန်းသိတဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင် စားသောက်မှုပုံစံကို အကြံပြုပေးပြီး ဆေးကုသမှုအတွက် ဆရာဝန်ထံ လွှဲအပ်ပေးနိုင်မှာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

“အိန္ဒိယမှာရှိတဲ့ လူဦးရေ သန်း ၅၀ ခန့်မှာ အမျိုးအစား (၂) ဆီးချိုရောဂါရှိနေပြီး နှစ်စဉ် ဆီးချိုဖြစ်နှုန်း မြင့်တက်လာနေပါတယ်။ ဒီဆော့ဖ်ဝဲလ်က ကျေးလက်နေလူထုမှာ ဆီးချို ရှိ၊ မရှိ အချိန်မီသိနိုင်မှာဖြစ်ပြီး ဆီးချိုကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေမဖြစ်အောင် အချိန်မီ ဆေးကုသမှုခံယူနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ အသက်များစွာကယ်တင်နိုင်လိမ့်မယ်”လို့ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ဂျော့ဂျ်တက္ကသိုလ်မှ ဒါရိုက်တာ ဗီဗန်ကန်နက်က ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top