Healthy Life Ad
Health Tips

ကျောက်ကပ်ကျန်းမာစေရန် လိုက်နာသင့်သော ရိုးစင်းသည့် နည်းသုံးသွယ်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်ရဲ့ သန့်စင်ရေးစနစ်မှာ အဓိကပါဝင်တဲ့အင်္ဂါ အစိတ်အပိုင်းတစ်ခုပါ။ ကျောက်ကပ် ကျန်းမာရေးမကောင်းတဲ့အခါ သွေးတွေ ကို သန့်စင်နိုင်စွမ်းမကောင်းတော့ပါဘူး။ ဒီလိုမဖြစ်စေဖို့ နေ့စဉ်လိုက်နာသင့်တဲ့ အခြေခံနည်းသုံးသွယ်ကို ရေးသားလိုက်ရပါတယ်။

(၁) ရေများများ သောက်ပါ
ရေဓာတ်ခမ်းခြောက်တာကကျောက်ကပ်ပြဿနာဖြစ်နိုင်ခြေကို ၂၀ ရာခိုင်နှုန်းတိုးမြင့်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်ရေများများသောက်ဖြစ်ဖို့ ရာအတွက် ရေဘူးကို သင့်ကား၊ အံဆွဲနဲ့ထမင်းစားပွဲမှာ အမြဲဆောင်ထားပါ။

(၂) ဒိန်ချဉ် သို့မဟုတ် နွားနို့ သောက်ပါ
တစ်နေ့ ဒိန်ချဉ်နှစ်ခွက်နဲ့ နွားနို့တစ်ခွက်သောက်ပြီးရင် သင့်သွေးဖိအားကို ချိန်ကြည့်ပါ။ ဒိန်ချဉ်နဲ့ နွားနို့ထဲမှာပါတဲ့ ကယ်လ်စီယမ်ဓာတ်ဟာ သွေဖိအားမြင့်တက်မှုကို ၂၅ ရာခိုင်နှုန်း လျော့ကျစေပါတယ်။ သွေးတိုးတာက ကျောက်ကပ်ထိခိုက်စေတဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်တာကြောင့် သွေးဖိအားကို ပုံမှန်ထိန်းနိုင်လေလေ သင့်ကျန်းမာရေး ကောင်းမွန်လေလေဖြစ်ပါတယ်။

(၃) ဆားလျှော့စားပါ
ဆားက ကျောက်ကပ်ထဲကို ကယ်လ်စီယမ်တွေ ရောက်ရှိစေတာကြောင့် ဆားများတဲ့အစာက ဆီးကျောက်တည်နိုင်ခြေကိုတိုးစေပါတယ်။ ဆားအပြင် အဆင်သင့်အစာနဲ့ ပြုပြင်ထားတဲ့ အစာတွေကို တတ်နိုင်သမျှ ရှောင်ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top