Healthy Life Ad
Health Tips

အသည်းအတွက် ဓာတ်စာ

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

အသည်းဆိုတာ သင့်ခန္ဓာကိုယ်မှာ အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်မှာ အဓိက လုပ်ဆောင်ပေးပါတယ်။ စွန့်ပစ်ပစ္စည်းတွေကို စွန့်ထုတ်တာ၊ သွေးထဲက အန္တရာယ်ရှိ အဆိပ်အတောက်တွေကို ဖယ်ထုတ်တာ စတဲ့ အရေးကြီးလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပါတယ်။ အသည်းကျန်းမာဖို့အတွက် ကျန်းမာမျှတတဲ့ အစားအသောက်တွေကို စားပေးသင့်ပါတယ်။

– ဥနီ (Beetroot)

ဖလေဗနွိုက်နဲ့ ဘီတာကယ်ရိုတင်း ပါဝင်မှုများတဲ့ ဥနီက အသည်းကျန်းမာစေပါတယ်။

– အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

ဟင်းနုနယ်ရွက်နဲ့ ဆလတ်ရွက်လို အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို စားပေးတာကြောင့် ကလိုရိုဖီးလ်ပါဝင်ပြီး သွေးကြောထဲက သဘာဝအဆိပ်အတောက်တွေကို စွန့်ထုတ်ပေးပါတယ်။

– ထောပတ်သီး

ထောပတ်သီးများများ စားတာကြောင့် ခန္ဓာကိုယ်ထဲမှာ အင်တီအောက်ဆီးဒင့် ဂလူတာသိုင် အုန်းထုတ်လုပ်မှုတိုးစေပါတယ်။ ဒါက အသည်းရဲ့ အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေကို စွန့်ထုတ်တဲ့ဖြစ်စဉ်ကို အကူအညီပေးပါတယ်။

– သစ်ကြားသီး

သစ်ကြားသီးမှာ ဂလူတာသိုင်အုန်းနဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်မှုများပြီး အသည်းရဲ့ သန့်စင်တဲ့ဖြစ်စဉ်မှာ ပါဝင်ကူညီပါတယ်။

– မုန်လာဥနီ

မုန်လာဥနီမှာပါတဲ့ ဂလူတာသိုင်အုန်း ပရိုတင်းတစ်မျိုးက အသည်းရှိ အဆိပ်အတောက်တွေကို ကင်းစင်စေတာကြောင့် အသည်းကျန်းမာစေပါတယ်။ မုန်လာဥနီမှာ အပင်ထွက်ဖလေဗိုးနွိုက်နဲ့ ဘီတာကယ်ရိုတင်းပါဝင်ပါတယ်။

– နနွင်းမှုန့်

နနွင်းမှုန့်မှာ ကာကူမင်ဓာတ်ပါဝင်တဲ့အတွက် ရောင်ရမ်းမှုလျော့ကျစေပါတယ်၊ အကျိတ်တွေကို သေးငယ်စေပါတယ်၊ အင်တီအောက်ဆီးဒင့် အစွမ်းရှိစေပါတယ်။ အသည်းကျန်းမာစေပါတယ်။ အသည်းရှိ ဗိုင်းရပ်စ်ပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top