Healthy Life Ad
Women

နှာခေါင်းချွေးပေါက် ကျယ်နေလျှင်

၊ လရိပ်မေ ၊

ချွေးပေါက်တွေကျဉ်းပြီး မမြင်ရလောက်အောင်ဖြစ်စေဖို့ မျက်နှာကို သေချာသန့်စင်ပေးသင့်ပါတယ်။ ချွေးပေါက်တွေထဲမှာ အဆီတွေ၊ အရေပြားဆဲလ်သေတွေနဲ့ အညစ်အကြေးဖုန်မှုန့်တွေရှိနေရင် ချွေးပေါက်တွေ ပိုကြီးလာပြီး သိသာထင်ရှားနေနိုင်လို့ပါ။ ဒါကြောင့် နှာခေါင်းပေါ်မှာ ကျယ်နေတဲ့ ချွေးပေါက်တွေရှိနေရင် အောက်ပါနည်းလမ်းတွေကိုသုံးပြီး ချွေးပေါက်ကျဉ်းအောင်လုပ်ဆောင်ပေးပါ။

တစ်ပတ်မှာ အနည်းဆုံး နှစ်ကြိမ်ခန့် ညင်ညင်သာသာ ကြေးချွတ်ပေးပါ။ ဒါက ချွေးပေါက်တွေကို သန့်ရှင်းသွားစေတဲ့ နည်းဖြစ်ပါတယ်။

အဆီနဲ့ သကြားတွေ များများပါတဲ့အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ပါ။

ဆေးလိပ်ကို မသောက်ပါနဲ့။

အရက်သောက်တာကို တတ်နိုင်သမျှ ထိန်းချုပ်သင့်ပါတယ်။

မျက်နှာသစ်ဆေး၊ ကွန်ဆဲလ်လာ၊ ဖောင်ဒေးရှင်း ခရင်မ်နဲ့ အစိုဓာတ်ထိန်းခရင်မ်စတာတွေ သုံးတဲ့အခါ အဆီကင်းတဲ့ အမျိုးအစားကိုသုံးပါ။

တတ်နိုင်သမျှ အဆီကို ထိန်းချုပ်ပေးတဲ့ အလှကုန်ပစ္စည်းတွေကို သုံးသင့်ပါတယ်။

နေရောင်ခြည်နဲ့ ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။

အသားအရေကျန်းမာစေဖို့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးပါ။

သင့်အသားအရေက အလွန်အမင်း အဆီပြန်နေရင် အဆီထိန်းပေးတဲ့ အလှကုန်ပစ္စည်းတွေကို နေ့စဉ်အသုံးပြုပါ။

တစ်လမှာ အနည်းဆုံးတစ်ကြိမ် ချွေးပေါက်တွေကို သန့်စင်ပေးပါ။ မျက်နှာကို တစ်နေ့ နှစ်ကြိမ် ဆေးကြောပေးပါ။ ညနေခင်း အိမ်ပြန်ရောက်ချိန်မှာ မျက်နှာသစ်ပေးဖို့ မမေ့ပါနဲ့။

AHA(Alpha Hydroxy Acids) ပါတဲ့ အလှကုန်ပစ္စည်းတွေကို သုံးသင့်ပါတယ်။ ဝက်ခြံမပေါက်စေတဲ့ Noncom edogenic အလှကုန်တွေကိုပဲ သုံးသင့်ပါတယ်။

မျက်နှာကို ကြက်သီးနွေးရေနဲ့ဆေးကြောပါ။ ပူတဲ့ရေနဲ့ ဆေးကြောရင် ချွေးပေါက်တွေကို ကျယ်စေနိုင်ပါတယ်။

မျက်နှာသစ်တဲ့အခါ ဓာတုပစ္စည်း ပါဝင်မှုများတဲ့ ဆပ်ပြာတွေကို မသုံးပါနဲ့။

ဝက်ခြံတွေ၊ ဆားဝက်ခြံတွေကို ဘယ်တော့မှ မညှစ်ပစ်ပါနဲ့။

အပြင်ထွက်တဲ့အခါ နေရောင်ကာကွယ်နိုင်စွမ်းSPF ၁၅ဆရှိတဲ့ နေကာခရင်မ်ကို မဖြစ်မနေလိမ်းပါ။

သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။

ရေများများ သောက်ပါ။

မိတ်ကပ်လိမ်းရာမှာ သုံးတဲ့ ဘရပ်ရှ်တွေကို သန့်ရှင်းစင်ကြယ်အောင် ထားပါ။

အရေပြားကို ရေခဲတုံးနဲ့ ကပ်ပေးရင် ချွေးပေါက်တွေကို ကျဉ်းစေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top