Healthy Life Ad
International

စုံတွဲအက ကခုန်ခြင်းက သင့်ကို ဉာဏ်ရည်ထက်မြက်စေနိုင်

၊ ကိုထက် ၊

ကခုန်တာက သင့်ကို ပိုပြီး ဉာဏ်ရည်ထက်မြက်စေနိုင်တယ်လို့ တီဗီဆရာဝန် မိုက်ကယ်မော့စလေက ဆိုပါတယ်။

ကာရေဘီယန်းစုံတွဲ အကသင်တန်းတစ်ကြိမ် တက်ရောက်သင်ယူတာကြောင့် ဦးနှောက်ရဲ့သတင်းအချက်အလက်အသစ် နားလည်နိုင်စွမ်းကို ၈ရာခိုင်နှုန်း၊ အာရုံစူးစိုက်နိုင်စွမ်းကို ၁၃ ရာခိုင်နှုန်းနဲ့ မှတ်သားနိုင်စွမ်းကို ၁၈ ရာခိုင်နှုန်းမြင့်တက်စေတယ်လို့ လေ့လာမှုအသစ်အရ သိရပါတယ်။ စုံတွဲအက ကခုန်တာကြောင့်ရရှိတဲ့ ဒီလိုတုန့်ပြန်မှုမျိုးကို တခြား လေ့ကျင့်ခန်းအမျိုးအစားတွေမှာ မတွေ့ရဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။

လေ့လာမှုမှာ ပါဝင်သူတွေရဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်း၊ အဟန့်အတားတွေကို ရှောင်လွှဲနိုင်စွမ်း၊ မှတ်မိနိုင်စွမ်း၊ ရွေ့လျားမှုအမြန်အလိုက် ချိန်ဆနိုင်စွမ်း စတာတွေကို စမ်းသပ်ခဲ့တဲ့အခါ စုံတွဲအက သင်တန်းမှာ မိနစ် ၃၀ ကြာတက်ရောက်ပြီးတာနဲ့ ဦးနှောက်ရဲ့ မှတ်သားနိုင်စွမ်း သိသိသာသာ တိုးတက်လာတာကို တွေ့ရှိခဲ့ရပါတယ်။

ကာရေဘီးယန်းစုံတွဲအကမှာ မတူညီတဲ့ တေးဂီတစည်းချက်တွေကို အဆင့်ဆင့် မှတ်မိသိရှိဖို့ လိုအပ်သလို တေးဂီတစည်းချက်ကျကျ ကခုန်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီအကကတဲ့အခါ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုလိုအပ်တဲ့အပြင် ဦးနှောက်ရဲ့ တွေးခေါ်မှတ်သားအာရုံစိုက်မှုလည်း လိုအပ်နေပါတယ်။ အသက်ကြီးသူတွေကိုတော့ တန်ဂိုအကနဲ့ အကကြမ်းပြင်မှာ စုံတွဲကရတဲ့အက ကတာက ပိုသင့်တော်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အကြောင်းကတော့ အဲဒီအကတွေက လဲကျနိုင်ခြေနဲ့ ထိခိုက်ဒဏ်ရာရနိုင်ခြေ နည်းလို့ဖြစ်တယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top