Healthy Life Ad
Q & A

သွားပွတ်ကြိုးသုံးဖန်များရင် သွားကျဲမှာလား . . .

မေး. ကျွန်တော်က အသက် ၆၀ ကျော် သက်ကြီးရွယ်အိုဖြစ်တယ်။ ကျွန်တော့်ပါးစပ်ထဲရှိတဲ့ အောက်ဖက်က သွားတွေဟာ အစာစားပြီးတိုင်း သွားကြားထဲအစာညပ်လေ့ရှိလို့ သွားပွတ်ကြိုးသုံးပြီး အစာထုတ်လေ့ရှိပါတယ်။ အဲဒီအခါ သွားပွတ်ကြိုးသုံးဖန်များလာရင် သွားတစ်ချောင်း၊ နှစ်ချောင်းကျဲလာမှာလား၊ သွားပွတ်ကြိုးအစား သွားပွတ်တံနဲ့ သွားတိုက်ပေးရမှာလား။ ဘယ်လိုနည်းသုံးရင် အကောင်းဆုံးဖြစ်မှာလဲ။
ဦးသန့်ဇင်၊ ကျောက်တံတား။

ပါမောက္ခဦးကိုကိုမောင်(မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. သွားကြားပွတ်ကြိုးသုံးဖန်များရင် သွားမကျဲပါဘူး။ သွားပွတ်ကြိုးနဲ့ အစာထုတ်တာက သွားဖုံးတွေအပေါ်အန္တရာယ်မရှိပါဘူး။ သွားပွတ်ကြိုးမှာ ဖယောင်းလေးတွေ သုတ်ထားလေ့ရှိတဲ့အတွက် ချောချောမောမောရှိသလို ခိုင်ခိုင်ခံ့ခံ့လည်း ရှိပါတယ်။ အစာကပ်ငြိမှုများပြီး ခံတွင်းသန့်ချင်ရင်တော့ သွားပွတ်ကြိုးသုံးပြီးရင် သွားတိုက်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top