Healthy Life Ad
Health Tips

အံကပ်စိုက်ထားရသူတို့အတွက် သန့်ရှင်းရေးနည်းလမ်းများ

(၁) အံကပ်တပ်ဆင်သူတွေအနေနဲ့ အစာစားပြီးတိုင်း အံကပ်ကိုဖြုတ်ပြီး ရေနဲ့ဆေးကြောပေးပါ။

(၂) ညအိပ်ရာဝင်ခါနီးတိုင်း အံကပ်ကိုဖြုတ်ပြီး သွားတိုက်ဆေး ဒါမှမဟုတ် ဆပ်ပြာနဲ့တိုက်ပြီး ရေနဲ့ သေချာဆေးကြောသန့်စင်ပေးပါ။ ပြီးရင် အံကပ်ကို ရေထဲစိမ်ပါ။ ရိုးရိုးရေထဲစိမ်ပြီး အဖုံးဖုံးထားပေးပါ။

(၃) နံနက်အိပ်ရာထပြီး ခံတွင်းသန့်ရှင်းရေး လုပ်ဆောင်ပြီးချိန်မှာ အံကပ်ကို သွားတိုက်ဆေး ဒါမှမဟုတ် ဆပ်ပြာနဲ့သွားတိုက်တံနဲ့ သေချာတိုက်ပြီးမှ ပြန်သုံးသင့်ပါတယ်။

(၄) အံကပ်မှာ စားကြွင်းစားကျန်တွေ ကပ်ငြိမနေအောင်ထားဖို့ အရေးကြီးပါတယ်။ သွားပစ္စည်းရောင်းတဲ့ ဆေးဆိုင်တွေက ဝယ်လို့ရတဲ့ အံကပ်စိမ်တဲ့ဆေးပြားနဲ့ စိမ်ပေးရင်လည်း ပိုကောင်းပါတယ်။

(၅) အံကပ်တပ်တဲ့အခါ အံဝင်ခွင်ကျမဖြစ်ဘဲ တပ်လိုက်လို့အလွန်အမင်းနာကျင်မှုကို ခံစားရတယ်ဆိုရင် ပြနေကျ သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အံကပ်မမြဲတာကိုတပ်ရင် အံကပ်လှုပ်နေနိုင်တာကြောင့် ကျိုးတာ၊ ပဲ့တာတွေ ဖြစ်တတ်တာကိုသတိပြုပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top