Healthy Life Ad
Q & A

သားအိမ်ထုတ်ထားချိန် စိတ်အပြောင်းအလဲ

မေး ။ သားအိမ်ထုတ်ထားတဲ့ အမျိုးသမီးတွေက အရင်ကထက် စိတ်တိုလွယ်၊ ဝမ်းနည်းလွယ်၊ စိတ်ကျရောဂါ ဖြစ်နိုင်ပါလား။ နောက်ပြီး ဟော်မုန်းဆေးတွေ အမြဲစွဲသောက်ရလား၊ အရိုးပွရောဂါ၊ အရွယ်ကျတာတွေ ဖြစ်နိုင်သလား။
မိုးစက်(FB)

ဒေါက်တာကျော်စွာဦး(ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ သားအိမ်ထုတ်ထားတယ်ဆိုရင် သားအိမ်အပြင် သားဥအိမ်ကိုပါ ထုတ်ထားတဲ့အခါ ဟော်မုန်းအပြောင်းအလဲရှိပြီး စိတ်တိုတာ၊ စိတ်ဓာတ်ကျတာ၊ ဝမ်းနည်းတာတွေ ဖြစ်နိုင်ပါတယ်။ လိုအပ်ရင် ဟော်မုန်းဆေးတွေ သောက်ရပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတွေမှာ အရိုးပွရောဂါဖြစ်နိုင်ခြေရှိပါတယ်။ အဲဒါကြောင့် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဆေးဝါးတွေကို မှီဝဲသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top