Healthy Life Ad
International

သင့်ဘဝအဖော်၏ ရှပ်အင်္ကျီကို နမ်းခြင်းဖြင့် စိတ်ဖိစီးမှု လျော့ပါးစေနိုင်

၊ ကိုထက် ၊

စိတ်ဖိစီးမှုများတဲ့အခါ သင်က လက်ထပ်ထားရင် ဒါမှမဟုတ် ချစ်သူရှိရင် သူ့ရှပ်အင်္ကျီကို နမ်းလိုက်ရုံနဲ့ စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေနိုင်တယ်လို့ လေ့လာမှုအသစ်က ဆိုပါတယ်။

စိတ်ပညာဂျာနယ်ရဲ့ လေ့လာမှုမှာ ဆန့်ကျင်ဘက်လိင်စုံတွဲ ၉၆ တွဲကို လေ့လာခဲ့ရာ ဘဝအဖော်ရဲ့ ရှပ်အင်္ကျီအနံ့ကိုရှူရှိုက်တဲ့အခါ စိတ်ဖိစီးမှုလျော့ပါးစေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အမျိုးသားတွေက တီရှပ်ကို ၂၄ နာရီကြာဝတ်ဆင်ပြီး ရေမွှေးဆွတ်ခြင်း၊ အနံ့စွဲစေမယ့် အစာစားခြင်း၊ ဆေးလိပ်သောက်ခြင်းတို့ကို ရှောင်ရှားထားကာ အဲဒီရှပ်အင်္ကျီကို သူတို့သက်ဆိုင်သူ ဇနီး/ချစ်သူကိုပေးခဲ့တာ ဖြစ်ပါတယ်။

ဘဝအဖော်ရဲ့ ရှပ်အင်္ကျီအနံ့ရတဲ့အခါ အမျိုးသမီးတွေရဲ့ စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းကော်တီစောအဆင့် သိသိသာသာ လျော့ကျသွားတယ်လို့လေ့လာသူ မာလေ့စ်က ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ သူစိမ်းတစ်ယောက်ရဲ့အနံ့ကို ရလိုက်ရင်တော့ ဆန့်ကျင်ဘက် သက်ရောက်မှုဖြစ်သွားပြီး စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောအဆင့် မြင့်တက်သွားတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

“ဘဝအဖော်က အဝေးမှာရှိနေရင်တောင် ဘဝအဖော်ရဲ့ ရှပ်အင်္ကျီဝတ်လိုက်ရတဲ့အခါ ဒါမှမဟုတ်ဘဝအဖော် အိပ်စက်တဲ့အိပ်ရာဘက်အခြမ်းမှာအိပ်တဲ့အခါ စိတ်ဖိစီးမှုလျော့ပါးပြီး သက်သောင့်သက်သာရှိနေတာ တွေ့ရပါတယ်”လို့ ကိုလံဘီယာတက္ကသိုလ်မှ မာလေ့စ်က ဆိုပါတယ်။

(Ref;Zeenews)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top