Healthy Life Ad
International

ဇနီးကို ဆုံးရှုံးမှာစိုးသောကြောင့် ကိုယ်အလေးချိန် ၇၂ ပေါင် လျှော့ချခဲ့သူ

၊ ကိုထက် ၊

အသက် ၅၁ နှစ်အရွယ်ဂျော်ဒန်က ကိုယ် အလေးချိန် ၂၅၂ ပေါင်အထိမြင့်တက်လာခဲ့ရာ သန်စွမ်းကျစ်လျစ်တဲ့ ဇနီးသည်ကို ဆုံးရှုံးမှာ ကြောက်တဲ့စိတ်နဲ့ ကိုယ်အလေးချိန် ၇၂ ပေါင် ကို လျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော့်ကိုယ်အလေးချိန်က များနေပြီး တာနာကကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ရှိနေ ပါတယ်။ ကျွန်တော်သာ ကိုယ်အလေးချိန်ကို မထိန်းဘူးဆိုရင် သူ့ကိုဆုံးရှုံးသွားမှာ ကြောက်ပါတယ်။ ဒီနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ သေချာကြည့်ပြီး ဝိတ်လျှော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ ဂျော်ဒန်က ဆိုပါတယ်။
အရင်က အစာကို ကောင်းကောင်း မစားတာ၊ သရေစာတွေစားတာ၊ အလုပ်ကို အကြာကြီးလုပ်ရတာတွေကြောင့် ကိုယ်အလေးချိန် မြင့်တက်လာတဲ့ စားဖိုမှူးဂျော်ဒန်က အားလပ် ရက်ခရီးထွက်ရာမှ သန်စွမ်းအောင် လေ့ကျင့်ဖို့ စိတ်အားထက်သန်ခဲ့သူဖြစ်ပါတယ်။
အခုအခါမှာတော့ အားကစားခန်းမမှာ ပျော်ရွှင်စွာလှုပ်ရှားနေတဲ့ ဂျော်ဒန်က ”ခက်ခဲ ပင်ပန်းပေမယ့် ရရှိတဲ့အကျိုးကျေးဇူးကတော့ အံ့မခမ်းပါပဲ”လို့ ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top