Healthy Life Ad
Health Tips

ပျင်းရိသူတို့အတွက် ကိုယ်အလေးချိန်ကျစေမည့် အမြန်နည်း ၁၀

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

လူအများစု၊ အထူးသဖြင့် အမျိုးသမီးအများစု က သွယ်လျကြံ့ခိုင်တဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်လိုကြပေမယ် ့ ခန္ဓာကိုယ်ကြည့်ကောင်းအောင် ဘယ်လို ထိန်း သိမ်းရမယ်ဆိုတာကိုတော့ မသိကြပါဘူး။ ဒါကြောင့် ပျင်းတတ်သူတွေ ကိုယ်အလေးချိန်ကျစေမယ့် အလွယ်နည်းတွေကို မျှဝေလိုက်ရပါတယ်။

(၁) ရေသောက်ပါ

ရေက အသက်ရှင်ဖို့ အရေးပါတာကြောင့် ရေကို အချိန်မှန် သောက်သင့်ပါတယ်။ ရေကို အစာမစားခင် မိနစ် ၃၀ အလိုမှာ တစ်ဖန်ခွက်လောက် သောက်ပေးတာ အကောင်းဆုံးပါ။ အဲဒီအခါ ဗိုက် အလွန်အမင်း မဆာတော့ဘဲ အစာကို နည်းနည်းပဲ စားဖြစ်စေပါတယ်။

(၂) အစာကို အချိန်မှန် စားပါ

အစာကို အချိန်မှန်မှန်စားတာက အစာကို နည်းနည်းပဲစားဖြစ်စေပါတယ်။ ထမင်းစားပွဲမှာထိုင်ပြီး အစာကို အလေးထား စားပါ။ တီဗီကြည့်ရင်း၊ ဖုန်းပြောရင်း၊ ပြဿနာတွေကို အဖြေရှာရင်းမစားပါနဲ့။ အစာကို ဖြစ်နိုင်သမျှ ဖြည်းဖြည်းပဲစားပါ။

(၃) သေးငယ်သော ပန်းကန်သုံးပြီး တူနှင့် ညှပ်စားပါ

သေးငယ်တဲ့ ပန်းကန်ပြားထဲမှာ အစားအစာ ထည့်ပြီး တူနဲ့ညှပ်စားပါ။ ဒါဆိုရင် ဖြည်းဖြည်းပဲ စားဖြစ်စေပါတယ်။

(၄) များများ အိပ်ပါ

အိပ်ရေးဝ၀ အိပ်တာက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်ကို အားကောင်းစေပြီး ဟော်မုန်းအဆင့်ကို မှန်ကန်စေပါတယ်။ အိပ်ပျော်နေချိန် တစ်နာရီမှာ ကယ်လိုရီ ၅၀နဲ့ ၁၀ဝ ကြား လောင်ကျွမ်းနိုင်ပါတယ်။

(၅) အေးမြသော ပတ်ဝန်းကျင်တွင် အိပ်စက်ပါ

အေးတဲ့အခန်းထဲမှာ အိပ်စက်အနားယူတာက အဆီတွေကို လောင်ကျွမ်းစေပါတယ်။

(၆) အဆီလောင်ကျွမ်းမှုများသည့် အစာစားပါ

ဆယ်လ်မွန်ငါး၊ ဥအမျိုးမျိုး၊ အခွံမာစေ့၊ သံ လွင်ဆီ၊ ငရုတ်သီးနဲ့ လက်ဖက်စိမ်းလက်ဖက်ရည် စတာတွေက ခန္ဓာကိုယ်ရဲ့ဇီဝရုပ်ဖြစ်ပျက်မှုကို အားကောင်းစေပြီး အဆီလောင်ကျွမ်းမှုများစေပါတယ်။ အချဉ်အရသာနဲ့ ပူစီနံရွက်တွေကလည်း အစာစား ချင်စိတ်ကို လျော့ကျစေနိုင်ပါတယ်။

(၇) ကယ်လိုရီများသည့်အစာကိုနံနက် ခင်းမှာစားပါ

ကွတ်ကီးနဲ့ ချောကလက်တွေ စားချင်နေရင် တစ်ခုလောက်ကို မနက်စောစောမှာ စားလိုက်ပါ။ ဒါဆိုရင် တစ်နေ့လုံး ကယ်လိုရီလောင်ကျွမ်းဖို့ အချိန်ရပါတယ်။

(၈) သွားတိုက်ပါ

တစ်နေ့မှာ နှစ်ကြိမ် သွားတိုက်သင့်ကြောင်း သိပြီး ဖြစ်မှာပါ။ အစာစားပြီးတိုင်း သွားတိုက်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါဆိုရင် နောက်ထပ်အစာကို အရသာခံပြီး စားချင်စိတ်ကို ဗိုက်မဆာသေးတဲ့ အထိ ထိန်းထားနိုင်ပါလိမ့်မယ်။

(၉) ရယ်မောပါ

ရယ်မောတဲ့အခါ စွမ်းအင်သုံးစွဲမှုက နားနေချိန်မှာထက် ၂၀ ရာခိုင်နှုန်းနဲ့အထက် တိုးသွားပါ တယ်။ ဒီနည်းနဲ့ အဆီကျစေပါတယ်။

(၁၀) အပူကုထုံး သုံးပါ

တီဗီကြည့်ချိန်၊ စာအုပ်ဖတ်ချိန်မှာ ကိုယ်အ လေးချိန်ကျချင်ရင် အဆီများတဲ့ နေရာမှာ ပိတ်စ သန့်သန့်ထဲ ချင်း(ဂျင်း)ထောင်းထည့်ပြီး ကပ်ပေး ပါ။ အပူကုထုံးသုံးတာကြောင့် ချွေးထွက်ပြီး အဆီ လောင်ကျွမ်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top