Healthy Life Ad
International

ရေမဆေးဘဲ သစ်သီးစားခြင်းကြောင့်ဖြစ်သည့် အူလမ်းကြောင်းတွင်း ပိုးဝင်ခြင်းက အူမကြီးကင်ဆာဝေဒနာကို နှစ်နှစ်ကျော်ကြာ ဖုံးကွယ်စေ

၊ ကိုထက် ၊

အသက် ၃၉ နှစ်အရွယ် အန်နာဟာ ၂၀၁၅ ခုနစ်မှာ ဝမ်းပျက်ဝမ်းလျှောတာနဲ့ ကိုယ်အလေးချိန် လျော့ကျတာတွေကို ခံစားခဲ့ရပြီး သူ့ကို အူလမ်း ကြောင်းတွင်း ပိုးဝင်နေတယ်လို့ ရောဂါတပ်ခဲ့ပါတယ်။

“သစ်သီးတွေကို မဆေးကြောဘဲ စားတဲ့အတွက် အူလမ်းကြောင်းတွင်း ပိုးဝင်တယ်လို့ ထင်ပါတယ်။ ဘယ်သစ်သီးဆိုတာတော့ မသိပေမယ့် ဗိုက်ထဲမှာနေလို့မကောင်းဘူး”လို့ အန်နာက ဆိုပါတယ်။

လေပွတာနဲ့ ဗိုက်အောင့်တာတွေကို နှစ်နဲ့ချီ ခံစားရပြီးနောက် အန်နာဟာ သက်သာရာရခဲ့ပါတယ်။ ဒါပေမဲ့ သူ့မှာ အကျိတ်ရှိနေတယ်ဆိုတဲ့ သတင်းဆိုး ကို ကြားသိရပြီနောက် အစ်မဖြစ်သူ သူနာပြုဆရာမ က ဆရာဝန်ထံသွားပြဖို့ တိုက်တွန်းခဲ့ပါတယ်။

“အူမကြီးကင်ဆာလက္ခဏာတွေက အူလမ်းကြောင်း ပိုးဝင်တဲ့ လက္ခဏာတွေနဲ့ အတူတူပဲ။ ဒါကို အူလမ်းကြောင်း ပိုးဝင်တယ်လို့ပဲ ကျွန်မ ထင်ခဲ့တာပါ”လို့ အန်နာက ဆိုပါတယ်။

ရှစ်ပတ်ကြာ ကင်ဆာဆေးသွင်းကုထုံးနဲ့ အူမကြီးကင်ဆာ အကျိတ်ဖယ်ရှားတဲ့ ခွဲစိတ်ကုထုံးတို့ကို ခံယူခဲ့ပြီးနောက် အန်နာဟာ အခုအခါမှာ ကင်ဆာရောဂါ ကင်းဝေးနေပြီး လူငယ်တွေ ကင်ဆာနဲ့ ပတ်သက်ပြီး အသိပညာတိုးစေဖို့ ပညာပေးနေပါတယ်။

“အူလမ်းကြောင်း ပိုးဝင်တာနဲ့ ကင်ဆာနှစ်မျိုး စလုံး ခံစားရတာက တကယ်ကံမကောင်းတာပါ။ အူ မကြီးကင်ဆာဆိုတာကို မတွေးခဲ့တဲ့အတွက် ကျွန်မ လို နောက်ကျမှ ရောဂါမတွေ့အောင် လူငယ်တွေကို ပညာပေးရတာ ဖြစ်ပါတယ်။ အခု ၂၀၁၈ ခုနှစ်မှာ တော့ ကျွန်မက ဆေးကုသမှု အောင်မြင်ပြီး လုပ်ငန်းခွင်ကို ပြန်ဝင်နိုင်နေပါပြီ”လို့ အန်နာက ဆိုပါ တယ်။

ယူကေနိုင်ငံမှာ နှစ်စဉ် နှစ်တိုင်း အူမကြီးကင်ဆာ ဖြစ်သူဦးရေ ၄၁၂၀ဝ ခန့်ရှိတယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top