Healthy Life Ad
Q & A

ထမင်းစားနေရင်း မသီးဘဲနဲ့ မတော်မဆ နှာခေါင်းထဲရောက်နိုင်သလား . .

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

မေး. ကျွန်မရဲ့ညီမက မေးခိုင်းလိုက်လို့ပါ။ ထမင်းစား နေရင်းနဲ့ သီးလည်းမသီးဘဲနဲ့ မတော်မဆ နှာခေါင်းထဲ ရောက်သွားတာမျိုးဖြစ်လေ့ရှိလား သိချင်လို့ပါတဲ့။ အဲဒီလိုဖြစ်ဖို့လွယ်လား သိချင်လို့ပါတဲ့။ ကျေးဇူးပြုပြီး ဖြေကြားပေးပါရှင့်။

ဆောင်းနှင်းမြူ (Fb)

ဖြေ. ဖြစ်နိုင်ပါတယ်။ အစာကို မျိုချလိုက်တဲ့အခါမှာ အခန့်မသင့်ဘဲ ခန္ဓာကိုယ်တွင်း လေဖိအားက အပေါ်ကို လေချဉ်တက်သလို တက်လာချိန် အာခေါင် ထဲမှာရှိတဲ့ ထမင်းစေ့က နှာခေါင်းကနေ ထွက်လာ နိုင်ပါတယ်။ အာခေါင်က အသက်ရှူလမ်းကြောင်းနဲ့ နှာခေါင်းဆုံရာ နေရာဖြစ်တဲ့အတွက် အတွင်းထဲက လေချဉ်တက်သလို လေတက်လာချိန်မှာ မျိုလိုက်တဲ့ ထမင်းစေ့က နှာခေါင်းထဲက ထွက်တာမျိုး ဖြစ်နိုင်ပါ တယ်။ ဒီလိုမဖြစ်အောင် အစာကို ကြေညက်အောင် ဝါးစားပါ၊ လောလော လောလော မစားပါနဲ့လို့ အကြံပြုလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top