Healthy Life Ad
Life Style

ခဏလေးပဲ . .

စူး (ဆေးဝါးတက္ကသိုလ်)

အမြဲပျော်ရွှင်တက်ကြွပြီး အပူအပင်မရှိသလို နေတတ်တဲ့ မောင်လူထွေးကို မြင်တဲ့သူတိုင်းက အံ့အားသင့်ကြပါတယ်။ သူ့မှာ ပေါကြွယ်ဝနေတာလည်း မဟုတ်၊ နေ့တိုင်း အလုပ်နဲ့ လက်မပြတ်လုပ်မှ တစ်နေ့တာ ဝ၀လင်လင် စားသောက်ရတဲ့ ဘဝ . . မိသားစုကိုလည်း ချစ်ခင်နွေးထွေးပြီး ပျော်ရွှင်နေတဲ့ မောင်လူထွေးကို အရပ်ထဲက ချစ်လည်း ချစ်ကြတယ်၊ ကရုဏာလည်း သက်ကြတယ်။ သူ့မှာ ခြေထောက်တစ်ဖက်ကလည်း မသန်ရှာဘူးလေ . .

“ခင်ဗျားကြည့်ရတာ အမြဲ ပြုံးပြုံးပျော်ပျော်ပဲနော်၊ စိတ်ချမ်းသာတယ်ဗျာ”လို့ ပြောတိုင်း မောင်လူထွေးက လုပ်လက်စအလုပ်ကို ဆက်လုပ်ရင်း ပြုံးပြရှာတယ်။

“ဒါနဲ့ ခင်ဗျား တစ်ခါမှကို စိတ်မညစ်ဖူးဘူးလားဗျ”

ဒီတစ်ခါမှာတော့ မောင်လူထွေးက တဟားဟား ရယ်တယ်။

“စိတ်ညစ်စရာဆိုတာ ရှိပြီလားဗျာ . . လူပဲဗျ၊ ရှိတော့ ရှိတာပေါ့ . .”

“ဒါပေမဲ့လည်း ခင်ဗျားကြည့်ရတာ စိတ်မညစ်တတ်သလိုပဲဗျ . . အမြဲတမ်း ခပ်ပျော်ပျော်ပဲ”

ကိုထွေးက ရယ်ပြီး ဖြေတယ်။

“စိတ်ညစ်စရာကြုံတိုင်း ကျွန်တော်ကတော့ ခဏလေးပဲလို့ တွေးလိုက်တာပါပဲဗျာ . .အဲဒီအတွေး နဲ့တင် ကျွန်တော် အပြုံးမပျက်နေနိုင်တာပဲဗျ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top