Healthy Life Ad
Health Tips

သွားကျောက်များကို သဘာဝအတိုင်း ထိရောက်စွာဖယ်ရှားနိုင်မည့် နည်းလမ်းကောင်း ခြောက်သွယ်

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

ဖြူစင်တဲ့ အပြုံးက လူတစ်ယောက်ကို ဆွဲဆောင်မှုရှိစေပါတယ်။ ဆေးလိပ်သောက်တာ၊ ကော်ဖီအသောက်များတာနဲ့ သွားနဲ့ ခံတွင်းထိန်းသိမ်း စောင့်ရှောက်မှုမကောင်းတာ စတဲ့အချက်တွေက သွားကြေးတင်စေပြီး သွားကျောက်ဖြစ်စေနိုင်ပါတယ်။ သွားနဲ့ခံတွင်းဆိုင်ရာ ပြဿနာတွေကို ကင်းစင်စေမယ့်သဘာဝနည်းလမ်းတွေကို မျှဝေလိုက်ပါတယ်။

(၁) ဆော်ဒါမှုန့်

ဆော်ဒါမှုန့်ကို သဘာဝကြေးချွတ်ဆေးအဖြစ် သုံးနိုင်ပါတယ်။ ဆော်ဒါမှုန့် ထမင်းစားဇွန်းတစ်ဇွန်းကို ဆားတတို့နဲ့ရောမွှေပြီး စိုနေတဲ့ သွားတိုက်တံပေါ်တင်ကာ ခါတိုင်းသွားတိုက်သလို တိုက်ပေးပါ။

(၂) ရှားစောင်းလက်ပပ်နှင့် ဂလစ်ဆရင်း

သဘာဝသွားတိုက်ဆေးကို ပိုအစွမ်းထက်လာစေဖို့ လိုအပ်တဲ့အရာတွေကတော့-

– ရေ အကြမ်းပန်းကန်လုံးတစ်ခွက်၊

– ဆော်ဒါမှုန့် အကြမ်းပန်းကန်လုံး ခွက်တစ်ဝက်၊

– ရှားစောင်းလက်ပပ်အနှစ် ထမင်းစားဇွန်းတစ်ဇွန်း၊

– ဂလစ်ဆရင်းအလှဆီ ထမင်းစားဇွန်းလေးဇွန်း၊

– သံပရာရည် ထမင်းစားဇွန်း တစ်ဇွန်းတို့ဖြစ်ပါတယ်။

ဒါတွေကိုရောပြီး သွားတိုက်တံမှာတို့ကာ သွားတိုက်ပေးရင် မိနစ်အနည်းငယ်အတွင်း သွားဖြူစင်လာပါလိမ့်မယ်။

(၃) လိမ္မော်ခွံ

လိမ္မော်သီးစားပြီးနောက် လိမ္မော်ခွံနဲ့ သွားတိုက်ပေးပါ။ သွားတွေကို ဖြူစင်စေပြီး သွားပေါ်က အစွန်းအထင်းနဲ့ ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေပါတယ်။ မိနစ်အနည်းငယ်ကြာမှ ရေနဲ့ ပလုတ်ကျင်းလိုက်ပါ။

(၄) နှမ်းစေ့

နှမ်းစေ့လက်တစ်ဆုပ်စာကိုယူပြီး မိနစ်အနည်းငယ် ကြိတ်ဝါးပေးပါ။ ပြီးမှ ပလုတ်ကျင်းပေးရင် သွားကြေးတွေ ကင်းစင်စေပြီး သွားတွေကို သန့်စင်စေပါတယ်။

(၅) ဗီတာမင်စီပါသည့် သစ်သီးများ

ဗီတာမင်စီပါတဲ့ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး၊ လိမ္မော်သီးတို့ကို ရောကြိတ်ပြီး သွားပေါ်တင်ထားပါ။ အချိန် ၅-၆ မိနစ်နေမှ ရေနဲ့ ပလုတ်ကျင်းပေးပါ။ ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေပြီး ခံတွင်းရနံ့ သင်းပျံ့စေပါတယ်။

(၆) ရှလကာရည်

ရှလကာရည် ထမင်းစားဇွန်း နှစ်ဇွန်း၊ ဆားထမင်းစားဇွန်း တစ်ဇွန်းနဲ့ ရေလေးအောင်စကို ရောမွှေပြီး ပလုတ်ကျင်းပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top