Healthy Life Ad
Life Style

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေရှိ ပိုးသတ်ဆေးတွေကို ဘယ်လိုသန့်စင်ဖယ်ရှားကြမလဲ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

လေ့လာမှုတွေအရ ဒီနေ့ခေတ် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံအများစုကို ပိုးသတ်ဆေး၊ ဓာတုပစ္စည်းတွေသုံးပြီး စိုက်ပျိုးထားတယ်လို့ သိရပါတယ်။ သဘာဝမဟုတ်တဲ့အတွက် ဒီနေ့ခေတ်မှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံစားရတာတောင် မလွယ်ပါဘူးဆိုပြီး ညည်းညူတတ်ကြပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်ပြီး ကျန်းမာရေးကောင်းစေတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို မစားလို့ကလည်း မဖြစ်ဘူးဆိုတော့ အိမ်ရှင်မတွေအနေနဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေမစားခင်မှာ ဘယ်လိုသန့်စင်ဖယ်ရှားသင့်တယ်ဆိုတာကို သိထားဖို့လိုပါတယ်။

(၁) ရေအေး

ဘုံပိုင်ရေအေးအောက်မှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို ဆေးကြောတာက ပိုးသတ်ဆေးအများစု ကင်းစင်စေပါတယ်။ ရေအေးအေးနဲ့ ကောင်းစွာပွတ်သပ်ဆေးပေးရင် ပိုးသတ်ဆေး ၇၅-၈၀ ရာခိုင်နှုန်းကြား ကင်းစင်စေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ မုန်လာဥနီ၊ အာလူးစတာတွေကို ဆေးရင်တော့ ညစ်ပေတဲ့အပိုင်းတွေကို ဓားနဲ့လှီးထုတ်ပြီး ရေနဲ့ဆေးပါ။ ပန်းသီး၊ စပျစ်သီး၊ သစ်တော်သီးနဲ့ ဆီးသီးတို့လို သစ်သီးတွေကို ဆေးရင် ၂ထပ်-၃ထပ်လောက် ဆေးပေးသင့်ပါတယ်။ ခရမ်းချဉ်သီးလည်း အဲဒီလိုပါပဲ။

(၂) ရှလကာရည်

ပိုးသတ်ဆေးကင်းစေမယ့်နည်းက ရှလကာရည်သုံးပြီး ဆေးကြောသန့်စင်တာပဲဖြစ်ပါတယ်။ ရေအေးတစ်ဇလုံထဲ ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေ ထည့်စိမ်ပါ။ အနည်းဆုံး ၂၀ မိနစ် စိမ်ပါ၊ နာရီဝက် စိမ်ထားနိုင်ရင် ပိုကောင်းပါတယ်။ ပြီးရင် ရေအေးနဲ့ တစ်ထပ်ပြန်ဆေးလိုက်ပါဦး။

(၃) ဆားရေ

ရှလကာရည်မရှိရင် ဆားကိုသုံးပါ။

(၁) ရေနွေး အကြမ်းပန်းကန်လုံးလေးခွက်ထဲ ဆားလက်ဖက်စားဇွန်း နှစ်ဇွန်းထည့်မွှေပါ။

(၂) သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေထည့်ပြီး ရေမြုပ်အောင်စိမ်ပါ။

(၃) အနည်းဆုံး မိနစ် ၃၀ စိမ်ပါ။

(၄) ရေအေးနဲ့ ပြန်ဆေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top