Healthy Life Ad
Life Style

၀က်ခြံ၊ တင်းတိပ်၊ အရေးကြောင်းနှင့် အာဟာရ

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. ဝက်ခြံ၊ တင်းတိပ်နဲ့ အရေးကြောင်းတွေဖြစ်တာက အာဟာရနဲ့ ဆိုင်ပါသလား။

ဖြေ. ဆိုင်ပါတယ်။ တစ်ခုချင်းစီအကြောင်းပြောပြပါမယ်။

ဝက်ခြံ

အချိုများများ စားတဲ့သူတွေက ဝက်ခြံတွေ ဖြစ်လာတတ်ပါတယ်။ နေပူဒဏ်ခံရရင်လည်း ဝက်ခြံထွက်စေနိုင်ပါတယ်။ မနက် ၉ နာရီနောက်ပိုင်း နေဒဏ်ခံရတဲ့သူတွေက ဝက်ခြံထွက်စေနိုင်ပါတယ်။ တချို့တွေက ထင်တယ်။ ငရုတ်သီးတွေ သိပ်စားလို့ ဝက်ခြံ အထွက်များတယ်လို့ထင်တယ်။ တကယ်တော့ မဟုတ်ပါဘူး။ အသီးအနှံတွေကို စားပေးရင် ဝက်ခြံသက်သာစေပါတယ်။

တင်းတိပ်

တင်းတိပ်က ဟော်မုန်းမမျှတတာနဲ့လည်းဆိုင်သလို နေဒဏ်ကိုခံခဲ့ရတာနဲ့လည်း ဆိုင်ပါတယ်။ နေပူဒဏ်ကို တတ်နိုင်သမျှလျှော့ဖို့ လိုပါတယ်။ ပြောရရင် ဝက်ခြံရော၊ တင်းတိပ်ရောဖြစ်နေရင် အချိုရှောင်ခိုင်းပါတယ်။ အသီးများများစားခိုင်းပါတယ်။ အသီးတွေကကျတော့ Low Glycemic Index ဖြစ်တဲ့အတွက် ဝက်ခြံတွေသက်သာတယ်၊ တင်းတိပ်သက်သာတယ်။

အရေးကြောင်း

မျက်နှာအရေးကြောင်းတွေကကျတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကို မစားသောက်တာနဲ့ဆိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ အမိုင်နိုအက်စစ်တွေလျော့လာရင် ကော်လာဂျင်မဖြစ်လာတော့ဘူး။ အဲဒီအခါ အရေးကြောင်းတွေဖြစ်လာပါတယ်။ အထူးသဖြင့် သေးတဲ့သူ၊ ပိန်တဲ့သူတွေမှာ အရေးကြောင်းတွေ ပိုဖြစ်လွယ်တယ်။ ပိန်တဲ့သူတွေက အမိုင်နိုအက်စစ်၊ ကော်လာဂျင်တွေ နည်းနေတတ်လို့ပါ။ အရေးကြောင်းမဖြစ်ချင်ရင် ကော်လာဂျင်များများရစေမယ့် အစားအသောက်တွေ စားပေးရပါမယ်။ ကော်လာဂျင်များများပါတာက အသားထဲမှာဆိုရင် အခေါက်(ဝက်ခေါက်)၊ ပဲနို့စတာတွေမှာ အများဆုံးပါဝင်ပါတယ်။ ဒါတွေစားပေးရင် ကော်လာဂျင်အထွက်တိုးစေပြီး အရေးကြောင်း သက်သာစေပါတယ်။

အသီးတွေကကျတော့ Low Glycemic Index ဖြစ်တဲ့အတွက် ဝက်ခြံတွေသက်သာတယ်၊ တင်းတိပ်သက်သာတယ်။ ခန္ဓာကိုယ်ထဲမှာ အမိုင်နိုအက်စစ်တွေလျော့လာရင် ကော်လာဂျင်မဖြစ်လာတော့ဘူး။ အဲဒီအခါ အရေးကြောင်းတွေ ဖြစ်လာပါတယ်။ အထူးသဖြင့် သေးတဲ့သူ၊ ပိန်တဲ့သူတွေမှာ အရေးကြောင်းတွေ ပိုဖြစ်လွယ်တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top