Healthy Life Ad
Health Tips

ရွှေပဲသီး၏ ကျန်းမာရေး ကောင်းကျိုးများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ရွှေပဲသီးမှာ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ် အများဆုံးပါဝင်တာကြောင့် ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်၊ ကြွက်သားတွေကို ပိုသန်စွမ်း စေပါတယ်၊ ကိုယ်အလေးချိန် ပေါင်အပိုတွေကို လျော့ကျစေပါတယ်၊ ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်၊ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရွှေပဲသီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်အပြည့်အဝ ပါဝင်တဲ့အတွက် အာဟာရဓာတ်လည်း ကောင်းစွာရရှိစေပါတယ်။

(1)- သွေးတိုးကျစေပါတယ်

ရွှေပဲသီးမှာ ပိုတက်ဆီယမ်ဓာတ် ပါတာကြောင့် သွေးတိုးကျစေပါတယ်။

(2)- သွေးတွင်း မကောင်းတဲ့ ကိုလက်စ ထရောလျော့ကျစေပါတယ်

ရွှေပဲသီးမှာပါတဲ့ အမျှင်ဓာတ်က မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတာကြောင့် နှလုံးရောဂါနဲ့ လေဖြတ်ဝေဒနာ ဖြစ်နှုန်းကို လျော့ပါးသက်သာစေပါတယ်။

(3)- ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်

ရွှေပဲသီးမှာ ပါတဲ့ အမျှင်ဓာတ်က မကောင်းတဲ့ ကိုလက်စထရောတွေကို ကျစေတဲ့အပြင် ဝမ်းမှန်စေပါတယ်။ လိပ်ခေါင်းနဲ့ အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(4)- သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပါတယ်

ရွှေပဲသီးမှာပါတဲ့ အမျှင်ဓာတ်က သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းညှိပေးပါတယ်။

(5)- စွမ်းအင်တက်စေပါတယ်

ရွှေပဲသီးစားတာကြောင့် စွမ်းအင်အဆင့်ကို မြင့်တက်စေပါတယ်။ ရွှေပဲသီးမှာ ဗီတာမင်ဘီအုပ် စုပါတဲ့အတွက် ကာဗိုဟိုက်ဒရိတ်ကို စွမ်းအင်အဖြစ် ကူးပြောင်းပေးပါတယ်။

(6)- ကိုယ်ခံအားစနစ်ကို ကောင်းမွန် စေပါတယ်

ရွှေပဲသီးမှာ ဗီတာမင်စီပါဝင်မှုများတဲ့အတွက် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ အအေးမိဝေဒနာနဲ့ တုပ်ကွေးတို့လို အသက်ရှူ လမ်းကြောင်း အပေါ်ပိုင်း ကူးစက်ပိုးဝင်တာကို သိသိသာသာ လျော့ကျစေပါတယ်။ ရွှေပဲသီးမှာပါ တဲ့ ဗီတာမင်စီက အသားအရေ၊ ဆံပင်နဲ့ လက်သည်းခြေသည်းကို ကျန်းမာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top