Healthy Life Ad
Health Tips

ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသူအတွက် သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် ဆေးဖက်ဝင်အပင်များ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ခေါင်းတစ်ခြမ်းကိုက်တာက ဦးနှောက် သွေးကြောလေးတွေ ကျဉ်းရာကဖြစ်တဲ့ နာကျင်မှုပဲ ဖြစ်ပါတယ်။ အဲဒီအခါမှာ စိတ်ခံစားမှုမကောင်းတော့ဘဲ အမြင်အာရုံအပြောင်းအလဲဖြစ်နိုင်ပါတယ်။ ခေါင်းတခြမ်းကိုက်ရောဂါကို လှုံ့ဆော်နိုင်တဲ့အခြေအနေတွေကတော့ ဓာတ်မတည့်မှုဖြစ်တာ၊ ဟော်မုန်းမမျှတမှုဖြစ်တာနဲ့ စိတ်ခံစားမှုပြင်းထန်တာတို့ပဲ ဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ခံစားရချိန်မှာ အသုံးပြုနိုင်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ဆေးဖက်ဝင်အပင်တွေရှိပါတယ်။

ဖျော်ရည်ဖျော်သောက်နိုင်သော သစ်သီးနှင့် ဟင်းသီးဟင်းရွက်နမူနာများ
ဥနီ (Beet)၊ ပန်းဂေါ်ဖီစိမ်း၊ ကြက်သွန်နီ၊ ပန်းဂေါ်ဖီစိမ်း၊ သခွာသီး၊ ပန်းသီးနဲ့ တခြား အစိမ်းရောင်ဟင်းသီးဟင်းရွက်တို့ဖြစ်ပါတယ်။

ဖျော်ရည်ဖျော်ရာတွင် ထည့်သောက်နိုင်သော ဆေးဖက်ဝင်အပင်များ

ကြက်သွန်ဖြူ၊ ချင်း(ဂျင်း)၊ တရုတ်နံနံပင်၊ သံပရာသီး။
-စိတ်ခံစားချက်ကြောင့် ခေါင်းတစ်ခြမ်း ကိုက်တဲ့ နာကျင်မှုဖြစ်ရင် တရုတ်နံနံပင်ကိုသုံးပါ။
-ရေဓာတ်ခမ်းခြောက်မှုကြောင့် ခေါင်းတစ်ခြမ်း ကိုက်တဲ့နာကျင်မှုဖြစ်ရင် အုန်းရေသောက်ပါ။
-ခေါင်းတစ်ခြမ်းကိုက်ရောဂါ အမြန်သက်သာချင်ရင် ပန်းဂေါ်ဖီစိမ်း အနည်းငယ်၊ မုန်လာဥနီတစ်တောင့်၊ ပန်းသီးတစ်စိတ် စတာတွေကို ရောကြိတ်ပြီး ရလာတဲ့ အရည်ကို သောက်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top