Healthy Life Ad
Q & A

ဒန်ပေါက်နဲ့ ကြက်ဆီထမင်း ယှဉ်ရွေးမယ် ဆိုရင် . .

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်
(အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

မေး ဒန်ပေါက်နဲ့ ကြက်ဆီထမင်းမှာ ကယ်လိုရီ ဘယ်လောက်တွေ ပါဝင်ပါသလဲရှင့်၊ ဒန်ပေါက်နဲ့ ကြက်ဆီထမင်း ဘယ်အရာက စားဖို့ပိုသင့်တော်ပါသလဲဆိုတာ သိချင်လို့ဖြေပေးပါနော်။
မသွယ်၊ မင်္ဂလာတောင်ညွှန့်။

ဖြေ ဒန်ပေါက်ဆိုရင် အဆီအနှစ်များတဲ့အတွက် ဆီးချိုသမား၊ သွေးတိုးသမား လုံးဝမစားသင့်ပါဘူး။ ဒန်ပေါက်တစ်ပွဲလုံး စားမယ်ဆိုရင် ကယ်လိုရီက ၉၀ဝ ကျော်ရရှိသွားပါတယ်။

ကြက်ဆီထမင်းဆိုရင် ကြက်အရေခွံက ထွက်လာတဲ့အဆီနဲ့ လုပ်ထားတဲ့အတွက် ဆီးချိုသမား၊ သွေးတိုးသမား၊ ကိုလက်စထရော များနေသူတွေ မစားသင့်ပါဘူး။ ကြက်အရေခွံဆိုတာ စားသင့်တဲ့ အစာထဲမှာ မပါဝင်လို့ပါ။ ကြက်ဆီထမင်းမှာပါတဲ့ဆီက တိရစ္ဆာန်အဆီဖြစ်နေလို့ ကယ်လိုရီများတယ်၊ ပြောင်းလဲဆီတွေများတယ်။ ကြက်ဆီထမင်းစားမယ်ဆိုရင် တစ်လမှ တစ်ကြိမ်လောက်ပဲ စားသင့်ပါတယ်။ဒန်ပေါက်နဲ့ ကြက်ဆီထမင်း ဘာကိုစားရမလဲ ဆိုရင်တော့ ကြက်ဆီထမင်းကမှ တော်သေးတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ တစ်လမှာမှ တစ်ခါ လောက်ပဲ စားသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top