Healthy Life Ad
Q & A

မိဘသွေးအုပ်စုနှင့် သားသမီးသွေးအုပ်စု

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

မေး. မိဘနှစ်ပါးမှ မွေးဖွားလာတဲ့ ကလေးရဲ့ သွေးအမျိုးအစားက အမေနဲ့တူနိုင်ပါသလား။ အဖေနဲ့ တူနိုင် ပါသလားကျေးဇူးပါ။

YeYint Thu(FB)

ဖြေ. လူတွေမှာ သွေးအုပ်စု လေးခုအနက် သွေးအုပ် စု A နဲ့ B က လွှမ်းမိုးမှု ပိုရှိပါတယ်။ A နဲ့ B ပေါင်းပြီး AB ဆိုပြီး သွေးအုပ်စုတစ်မျိုး ဖြစ်လာပါတယ်။ A ကော B ပါ မရှိတဲ့သူက O ဆိုပြီး သွေးအုပ်စုတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် မိဘနှစ်ပါး သွေးအုပ်စု A နဲ့ O ယူတယ်ဆိုရင် သားသမီးက A ဒါမှမဟုတ် O ဖြစ်နိုင်ပါတယ်။ မိဘနှစ်ပါး သွေးအုပ်စု B နဲ့ O ယူတယ်ဆိုရင် သားသမီးက B ဒါမှမဟုတ် O ဖြစ်နိုင်ပါတယ်။ မိဘက AB နဲ့ O ဆိုရင် သားသမီးက A နဲ့ B သွေးအုပ်စုတွေ ဖြစ်နိုင်ပါတယ်။ မိဘနှစ်ပါး သွေးအုပ်စု A နဲ့ B ယူတယ်ဆိုရင် သားသမီးက A ဒါမှမဟုတ် B ဒါမှမဟုတ် AB ဒါမှ မဟုတ် O ဖြစ်နိုင်ပါတယ်။ အဖေနဲ့ တူမယ်၊ အမေနဲ့တူမယ်ဆိုပြီး မဟုတ်ပါဘူး။ သွေးအုပ်စုအမျိုးအစား အလိုက်ပဲ ဆက်ခံတာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top