Healthy Life Ad
Health Tips

ချက်က အနံ့ဆိုးထွက်နေလျှင်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ချက်က နက်ပြီး အစိုဓာတ်နဲ့ အညစ်အကြေးတွေဝင်တဲ့အခါ ချက်အနံ့ဆိုး ထွက်တတ်ပါတယ်။ တစ်ကိုယ်ရေသန့်စင်းမှု အားနည်းရင်လည်း ချက်အနံ့ဆိုး ထွက်တတ်တာကြောင့် အလွယ်သန့်စင်နည်းတွေကို မျှဝေလိုက်ပါတယ်။

(1) ဆားရေနွေးဖြင့် ဆေးပါ

ရေနွေးအကြမ်းပန်းကန်လုံးတစ်ခွက်ထဲ ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်ပါ။ ပျော်ဝင်တဲ့အခါ ဂွမ်းစနဲ့တို့ထိပြီး ချက်ထဲထည့်ပေးပါ။ ဆားရေနွေးမှာ ပိုးသတ်အာနိသင်ရှိတာကြောင့် ချက်သန့်စင်ပြီး အနံ့အသက် ကင်းစင်စေပါတယ်။ တစ်နေ့တစ်ကြိမ် သန့်စင်ပေးနိုင်ပါတယ်။

(2) ဆော်ဒါမှုန့်

ဆော်ဒါမှုန့်အနည်းငယ်ထဲ ရေထည့်ဖျော်လိုက်ပါ။ ပြီးရင် အနံ့ဆိုးထွက်နေတဲ့ ချက်ထဲ ဆော်ဒါမှုန့်ရည်ကို ထည့်ပေးပါ။ မိနစ် ၂၀ ကြာမှ ရေနဲ့ ဆေးပေးလိုက်ပါ။

(3) ပြောင်းမှုန့်

ရေချိုးပြီးချိန်မှာ ချက်တွေကို သေချာခြောက်သွေ့နေအောင် သုတ်ပေးပါ။ ပြီးရင် ပြောင်းမှုန့်နည်းနည်းထည့်ပေးလိုက်ရင် အစိုဓာတ်ကို ကောင်းကောင်း ထိန်းပေးပြီး ဘက်တီးရီးယားပိုးတွေ ပွားများမှုမရှိအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

(4) အုန်းဆီသုံးပါ

အုန်းဆီက ချက်အနံ့ဆိုးကို ကင်းစင်စေပါတယ်။ ချက်ထဲ အုန်းဆီ အနည်း ငယ်ထည့်ပြီး ဂွမ်းစနဲ့ သုတ်ပေးလိုက်ပါ။ ပိုးကင်းစင်စေတဲ့အပြင် အနံ့ဆိုး ကင်းစင် စေပါတယ်။

(5) ရှလကာရည်ထည့်ပါ

ရှလကာရည် အထူးသဖြင့် Apple Cider Vinegar အစက်အနည်းငယ်ကို ချက်ထဲ ထည့်ပြီး ၁၅-၂၀ မိနစ်အကြာမှာ ဂွမ်းစနဲ့သုတ်ပေးလိုက်ပါ။ ဒါဆိုရင် အနံ့ဆိုးကင်းစင်စေပါတယ်။ ရှလကာရည်မှာ ဘက်တီးရီးယားပိုးတွေကို တွန်းလှန် ပေးနိုင်တဲ့အစွမ်းရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top