Healthy Life Ad
Humour

အကောင်းဆုံးဆေး. . .

လူနာတစ်ယောက် နေမကောင်းသဖြင့် ဒေါက်တာရမ်းကုဆီ ရောက်လာသည်။

“ဆရာ . . ကျွန်တော် နေမကောင်းလို့ ဆေးထိုးပေးပါဆရာ”

ဒေါက်တာရမ်းကုက အကူနှစ်ယောက်ကို ခေါ်ပြီး လူနာကို အတင်းချုပ်လိုက်ရာ လူနာက ကြောက်ကြောက်လန့်လန့်နဲ့ မေးသည်။
“ဘာလုပ်မလို့လဲ ဆရာ”
“ကျွန်တော့်ဆီမှာဆေးကုန်နေလို့ ခင်ဗျားကို ကလိထိုးမလို့ဗျ . . ရယ်မောခြင်းက အကောင်းဆုံး ဆေးပဲလေ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top