Healthy Life Ad
International

ခေါင်းနှစ်လုံးပါအမြွှာ အိန္ဒိယတွင်မွေးဖွား

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာမှာ အောက်တိုဘာ ၂၉ ရက်နေ့က ခေါင်းနှစ်လုံးနဲ့ အမြွှာမွေးဖွားခဲ့ပါတယ်။ ပတ်ဝန်းကျင်ကို ရှက်တာကြောင့် အသက် ၃၂ နှစ်အရွယ်မိခင်က အမည်မဖော်လိုဘူးလို့ သိရပါတယ်။

ကိုယ်ဝန်ဆောင် ၃၂ ပတ်အကြာမှာ အာလ်ထရာဆောင်း ရိုက်ကြည့်ပြီးနောက် အမျိုးသမီးမှာ ကိုယ်ဝန်ဆောင်မူမမှန် ဖြစ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။ မွေးဖွားလာချိန်မှာ ခေါင်းနှစ်လုံးနဲ့ ကိုယ်တစ်ခုသာပါရှိပြီး ကိုယ်အလေးချိန် ၈ပေါင်ကျော်ရှိကြောင်း သိရပါတယ်။ သီးခြားအဆုတ်၊ နှလုံးရှိကြပေမယ့် အသည်းနဲ့ ခြေလက်တွေက တစ်စုံသာပါရှိတာကို တွေ့ရှိခဲ့ပါတယ်။ မွေးမွေးချင်း အရေးပေါ် အသက်ရှူစက်ပေးထားပေမယ့် ၂၄ နာရီ အကြာမှာ သေဆုံးသွားခဲ့ပါတယ်။

Dicephalic Parapagus လို့ ခေါ်တဲ့ ခေါင်းနှစ်လုံး အမြွှာမွေးဖွားခြင်းဟာ ရှားပါးလှပြီး ကလေးတစ်သန်းမွေးတိုင်းတစ်ကြိမ်သာဖြစ်နိုင်ခြေရှိကြောင်း သိရပါတယ်။ အများစုက ကလေးအသေမွေးတတ်ကြပြီး အရှင်မွေးခဲ့ရင်လည်း အသက်ရှင်နိုင်ခြေ လုံးဝမရှိကြောင်း သိရပါတယ်။ မိဘတွေက ကလေးကို ကယ်တင်ပေးဖို့ပြောကြပေမယ့် ဒီလိုအဖြစ်အပျက်မျိုးကို ဆေးပညာအရ ခွဲစိတ်ဖို့မဖြစ်နိုင်ဘူးလို့ ဆရာဝန်တွေက ရှင်းပြခဲ့ကြပါတယ်။

(Ref;ID)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top