Healthy Life Ad
International

နှာခေါင်းမှ ခရစ်ကတ်ဘောလုံးအရွယ် အကျိတ်ကြီးကြောင့် ခွဲစိတ်ဖို့လိုအပ်နေတဲ့ မွေးကင်းစကလေးငယ်

၊ မိုးမင်းထွန်း ၊

ပါကစ္စတန်နိုင်ငံမှ ၁၅ လသားအရွယ် ဝါဇီရာအာမက်ဟာ မွေးကတည်းက နှာခေါင်းမှာ အကျိတ်ထွက်လာခဲ့ပြီး တဖြည်းဖြည်းကြီးလာခဲ့ကာ ခရစ်ကတ်ဘောလုံးအရွယ်အစားပမာဏအထိ ဖြစ်လာခဲ့ပါတယ်။ ညာဘက်မျက်လုံးကို ဖုံးအုပ်နေပြီး ပါးစပ်နားအထိရောက်ရှိနေတာကြောင့် အစားကောင်းကောင်းမစားနိုင်တော့ပါဘူး။ ကောင်းကောင်းမအိပ်နိုင်ဘဲ ကလေးဟာ နာကျင်မှုကြောင့် အမြဲငိုကြွေး နေရပါတယ်။

မိဘတွေက ဆရာဝန်အမျိုးမျိုးနဲ့ သွားရောက်ပြသခဲ့ပေမယ့် မသက်သာလာခဲ့ပါဘူး။ဆရာဝန်တွေက ကလေးခွဲစိတ်ဆရာဝန်တွေရှိရာ ကရာချိမှဆေးရုံသို့ သွားရောက်ပြသဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ဆင်းရဲတဲ့ မိဘတွေက ဆေးရုံမှာသွားရောက်ပြသဖို့ ငွေကြေးအခက်ကြုံနေခဲ့ပါတယ်။ ကံကောင်းစွာပဲ ယခုအခါ ပါကစ္စတန်လူထုပါတီခေါင်းဆောင် ဘိုင်လာဝဲလ်ဘူတိုဇာဒါရီက ကလေးအကြောင်းကို ကြားသိခဲ့ပြီး ကလေးကို ကရာချိရှိဆေးရုံတစ်ရုံသို့ ခေါ်ဆောင်ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

မိဘတွေက ကလေးငယ် ကောင်းမွန်စွာဆေးကုသနိုင်ပြီး အမြန်သက်သာလာဖို့ မျှော်လင့်နေကြပါတယ်။ အကူအညီပေးတဲ့ ဘိုင်လာဝဲလ်နဲ့ သူ့အစ်မ အဆီဖာတို့ကို ကျေးဇူးတင်ကြောင်းလည်းပြောကြားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top