Healthy Life Ad
Child

ထမင်းကြိုက်တဲ့ ကလေး ဗိုက်ပူနေလို့ . . .

မေး ။ ကျွန်မကလေးက အသက် ငါးနှစ်ပါ။ ထမင်းကို အရမ်းကြိုက်ပြီး အများကြီးစားပါတယ်။ အရမ်းတော့ မဝပေမယ့် ဗိုက်ပူနေပါတယ်။ အဲဒါ ကျန်းမာရေးအတွက် ဘာဖြစ်နိုင်ပါသလဲရှင့်။
မဝါဝါ၊ ဘုရင့်နောင်။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။
ဖြေ ။ ထမင်းအများကြီး မစားသင့်ပါဘူး။ ထမင်းအများကြီးစားရင် အသက်ကြီးလာတဲ့အခါ ဆီးချိုရောဂါ ဖြစ်လာနိုင်ပါတယ်။ ကလေးကတစ်ခါစားရင် ထမင်းတစ်ပန်းကန်(ထမင်းစားဇွန်းရှစ်ဇွန်း)ပဲ စားသင့်ပါတယ်။ နေ့လယ် ရှစ်ဇွန်း၊ ညနေ ရှစ်ဇွန်းပဲ စားသင့်ပါတယ်။ အသားပိုကျွေးပြီး အဓိကအရွက်များများ ကျွေးပေးရပါမယ်။ ဟင်းရွက်ကြော်များများကျွေးပြီး ဗိုက်ပြည့်အောင် လုပ်ပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top