Healthy Life Ad
Health Tips

ကျောက်ကပ်မကောင်းသူတို့ ရှောင်သင့်သည့် အစာနှင့် ဆေးဝါး

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

ကျောက်ကပ်မကောင်းတဲ့သူတွေ အဓိက ဆင်ခြင်သင့်တဲ့ အရာတွေ ရှိပါတယ်။

– ပိုတက်ဆီယမ်ဓာတ်
ကျောက်ကပ်မကောင်းတဲ့ သူတွေက အဓိကအားဖြင့် ပိုတက်ဆီယမ်များစေတဲ့ အစားအသောက်တွေ၊ အရွက်တွေကို ရှောင်သင့်ပါတယ်။ ပိုတက်ဆီယမ်ပါဝင်မှုများတဲ့ သစ်သီးတွေက ငှက်ပျောသီး၊ သရက်သီး၊ စပျစ်သီး၊ ကီဝီသီး၊ သခွားမသီး၊ ဒူးရင်း သီး၊ ပိန္နဲသီး၊ စပျစ်ခြောက်၊ စွန်ပလွံသီး၊ သဖန်းသီး၊ ထောပတ်သီး၊ ချယ်ရီသီး၊ ထောပတ်သီး၊ မကန် မွန်တစ်မျိုး၊ သလဲသီး၊ ဆီးသီး၊ ဆီးသီးခြောက်တွေ ဖြစ်ပါတယ်။

– ဆေးမြီးတိုနှင့် ဆေးဝါး
နောက်တစ်ခု သတိပြုစေချင်တာက ထန်း တောက်မြစ်သောက်တာမျိုး၊ တချို့ အရွက်တွေ ပြုတ်သောက်တာမျိုး စတဲ့ ဆေးမြီးတိုတွေကို မလုပ်သင့်ပါဘူး။
ဆေးဝါးတွေအနေနဲ့ အကိုက်အခဲပျောက်ဆေး (Analgesic Drugs)ေတွကို လုံးဝရှောင်ကြဉ်ရပါမယ်။

– ပရိုတင်းဓာတ်
ကျောက်ကပ်မကောင်းဘူးဆိုရင် ကျောက်ကပ်ပျက်စီးမှုက ဘယ်အဆင့်လဲ ဆိုတာ သိဖို့လိုတယ်။ ဥပမာ ကျောက်ကပ်ပျက်စီးတဲ့ အဆင့်က မြင့်နေပြီ ဆိုရင် အသားတွေကိုလည်း အများကြီး စားလို့ မရ တော့ပါဘူး။ အသားတွေကို လျှော့စားရပါမယ်။ကျောက်ကပ်မကောင်းတဲ့အခါ ကျောက်ကပ်မ ကောင်းတဲ့ အဆင့် ၁ ကနေ ၄ အထိ ဆိုရင် ပရိုတင်း ဓာတ်ကို လျှော့ကျွေးပါတယ်။ တစ်ရက်ကို အနည်း ဆုံး ၃၀ဂရမ်(အသား ၁၀ သား)ထက်ပိုမစားရပါဘူး။ တကယ်လို့ ကျောက်ကပ်ဆေးလိုက်ရပြီဆိုရင် တစ်ရက်ကို အနည်းဆုံး အသား ၂၀ သား စားရမယ်။ အဲဒီလို ကွာခြားမှု ရှိပါတယ်။

– ဖော့စ်ဖိတ်ဓာတ်
ဖော့စ်ဖိတ်များတဲ့ အစားအသောက်တွေကို တော့ကျောက်ကပ်မကောင်းတဲ့သူတွေက ရှောင်ရပါမယ်။ ကျောက်ကပ်ဆေးပြီးချိန်မှာလည်း ရှောင်ရပါမယ်။ ဆားကိုလည်း လျှော့စားရပါမယ်။ အချိုမှုန့် မသုံးရပါဘူး။ ဟင်းလျာတွေ ချက်ပြုတ်စားသောက်တဲ့အခါ အရသာရှိအောင် ဟင်းခတ်အမွှေးအကြိုင်တွေ ကို များများခတ်ပြီး စားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top