Healthy Life Ad
Life Style

အမျိုးသားတို့ သိထားသင့်သည့် သုက်ကောင်အကြောင်း

၊ ကိုထက် ၊

သုက်ကောင်ဆိုတာ ဖားလောင်းပုံစံရှိပြီး ဝ ဒ သမ ဝ၅ မီလီမီတာလောက် ရှည်ပါတယ်။ လူပျိုဖော်ဝင်ချိန်ကစပြီး တစ်မိနစ်မှာ ဝှေးစေ့ကနေ သုက်ကောင် အနည်းဆုံးတစ်ထောင်ခန့် ထုတ်လုပ်နေပါတယ်။သုက်ကောင်တွေဟာ အားကောင်းဖို့ နှစ်လခွဲခန့် အချိန်ယူရပါတယ်။

သုက်ကောင်တွေက အချိန်တစ်စက္ကန့်မှာ ခြောက်လက်မလောက် ကူးခတ်သွားလာနိုင်ပြီး သုက်လွှတ်ချိန်မှာ အများကြီး ပိုမြန်တတ်ပါတယ်။ လိင်ဆက်ဆံမှုပြုလုပ်တဲ့အခါ အမျိုးသမီးကိုယ်ထဲ ဝင်ရောက်ပြီး နှစ်မိနစ်မှာ သားအိမ်ခေါင်းကို ရောက်ပြီး ငါးမိနစ်အကြာမှာ သားဥပြွန်ထဲကို ရောက်ရှိမှာဖြစ်ပါတယ်။ အမျိုးသမီးဟာ မျိုးအောင်နိုင်ခြေအများဆုံးအချိန်မှာဆိုရင် သုက်ကောင်ရှင်သန်နိုင်တဲ့ အရည်တွေအများကြီး ရှိနေတတ်ပါတယ်။ အကြမ်းအားဖြင့် တစ်ပတ်လောက်အသက်ရှင်နေနိုင်ပါတယ်။ ယေဘုယျအားဖြင့် တစ်ကြိမ်သုက်လွှတ်တဲ့အခါ သုက်ကောင် ၂၀ဝ-၃၀ဝ သန်းလောက်ပါရှိတတ်ပေမယ့် သားဥနဲ့ ထိတွေ့ပြီး မျိုးအောင်ဖို့ သုက်ကောင်တစ်ကောင်ပဲလိုပါတယ်။ သားဥနဲ့ ထိတွေ့မျိုးအောင်ပြီးချိန်မှာ သုက်ကောင်မှာပါတဲ့ ခရိုမိုဇုန်းက ကလေးငယ်ရဲ့ လိင်အမျိုးအစားကို ခွဲခြားပေးမှာဖြစ်ပါတယ်။

သုက်ကောင်ကျဆင်းတတ်သည့် အခြေအနေများ
ဒါကလည်းဖြစ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကတည်းကလေ့လာမှုအရ အနောက်နိုင်ငံသား အမျိုးသားတွေရဲ့သုက်ရည်ထဲကသုက်ကောင်ပမာဏဟာ ယေဘုယျအားဖြင့် ထက်ဝက်ပဲရှိတယ်လို့ သိရပါတယ်။ ဒီနေ့ခေတ်မှာ ဗြိတိန် လူမျိုး ခုနစ်ဦးအနက် တစ်ဦးဟာ ကိုယ်ဝန်ရရှိဖို့ အခက်အခဲတွေ့နေရပါတယ်။ ကိုယ်ဝန်ရရှိဖို့ အခက်အခဲတွေ့တာရဲ့ တစ်ဝက်လောက်က အမျိုးသားတွေကြောင့် ဖြစ်တတ်ပါတယ်။ အမျိုးသားတွေကြောင့် မျိုးမအောင်တာရဲ့ ၇၀ ရာခိုင်နှုန်းခန့်က သုက်ကောင်ပမာဏ နည်းတာကြောင့်ဖြစ်ပါတယ်။

အမျိုးသားတို့ သုက်ကောင်အရေအတွက် လျော့ကျရတဲ့ အကြောင်းတွေကတော့-

စတီးရွိုက်ဆေးတွေကို အလွန်အမင်းသုံးစွဲတာ၊

အရက်သောက်တာ၊

ကိုကင်းသုံးတာ၊

ကင်ဆာဆေးသွင်းကုသမှုခံယူတာ၊

မကြာခဏ ဆေးခြောက်သုံးစွဲတာ၊

ဇင့်ဓာတ်(သွပ်ဓာတ်)လို သတ္တုဓာတ်ချို့တဲ့တာ၊

ဗီတာမင်ဓာတ်တွေ၊ အထူးသဖြင့် ဗီတာမင်စီ ချို့တဲ့တာ၊

ဆေးလိပ်သောက်တာ (သုက်ကောင်သက်တမ်းနဲ့ အရည်အသွေးကို ကျဆင်းစေပါတယ်)၊

တချို့ဆေးဝါးတွေ ကြာရှည် မှီဝဲနေရတာ၊

စိတ်ဖိစီးမှုများတာ၊

သားကြောဖြတ်တာ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

(Ref;menshealthforum)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top